MNP ၊ မတ် ၂၂
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ဘက်စုံအဆင့်မြင့် နည်းပညာသုံး ဆောင်းသီးနှံ စိုက်ပျိုးထုတ်လုပ်သည့် ကျေးရွာအုပ်စုများမှ ကျေးရွာ(၄)အုပ်စု၊ ဆောင်းနေကြာစိုက်ပျိုးဧက (၂၆)ဧက အောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်း သရက်ချောင်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်မင်းထံမှသိရသည်။
သရက်ချောင်းမြို့နယ်တွင် ဆီထွက်သီးနှံ(နေကြာ)စိုက်ပျိုးသော တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက နေကြာစိုက်ပျိုးအောင်မြင်ဖြစ်ထွန်းစေရန် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ဆီထွက်သီးနှံ(နေကြာ)ကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးခြင်းအားဖြင့် ဒေသအတွင်းစားသုံးဆီဖူလုံလာစေရေး နည်းမှန်/လမ်းမှန်စိုက်ပျိုးနိုင်ရန် ကွင်းဆင်းစစ်ဆေးပေးခြင်း စသည့်ဖြင့်လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်အတွင်းတောင်သူများက မိုးစပါးရိတ်သိမ်းပြီးမှ လယ်ယာမြေများ ထွန်ယက်၍ စိုက်ပျိုးရကြောင်း၊ နေကြာမျိုးစေ့များ စနစ်တကျထည့်သွင်းစိုက်ပျိုးရကြောင်း၊ ရေနှင့်ဓါတ်မြေသြဇာများ လုံလောက်အောင်ပေးရကြောင်းသိရပြီး နေကြာစိုက်ပျိုး သူတောင်သူထံမှ ပြည်သူများက ဘုရားပန်းများပူဇော်နိုင်ရန် နေကြာပန်းများကို မြို့ပေါ်စျေးများနှင့် နေကြာစိုက်ခင်းတွင် သွားရောက်ဝယ်ယူကြကြောင်း သိရသည်။
ပြည့်ဖြိုးပိုင်
https://t.me/MyanmarNationalPost


No comments:
Post a Comment