ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဖရဲသီးများ ဈေးကောင်းရ၍ စိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံရောင်းချသူများ အဆင်ပြေ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျိုင်းတုံမြို့နယ်တွင် ဒေသထွက်ဖရဲသီးများ ဈေးကောင်းရ၍ စိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံရောင်းချသူများ အဆင်ပြေ


MNP ၊ မတ်  ၇

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် ဒေသထွက် ဖရဲသီးစိုက်ပျိုးရောင်းချသူများနှင့် တစ်ဆင့်ခံရောင်းချသူများ ဖေဖော်ဝါရီလနှင့် မတ်လအတွင်းရောင်းချလျက်ရှိရာ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ကျိုင်းတုံမြို့နယ်တွင် ဖရဲသီးများကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးခဲ့ပြီး ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလနှင့် မတ်လများအတွင်း နှစ်စဉ်ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ဖရဲသီးများကို ကျိုင်းတုံမြို့အထွက် တာချီလိတ်၊ မိုင်းဆတ်၊ မိုင်းယန်း၊ မိုင်းလားသွား ကားလမ်းဘေးတစ်လျောက်စိုက်ပျိုးခူးဆွတ်၍ အရွယ်အစား၊ အမျိုးအစားအလိုက် တစ်လုံး နှစ်ကီလိုခန့် ကျပ် ၃၀၀၀ မှ ၅၀၀၀ အထိ ယာယီရွက်ဖျင်တဲများဖြင့် ရောင်းချလျက်ရှိရာ ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများက ဝယ်ယူစားသုံးလျက်ရှိကြောင်း သိရသည်။


အဆိုပါ ဖရဲသီးများအား ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ၊ ကတ်တောင်ကျေးရွာ၊ ကတ်ဖကျေးရွာအုပ်စုများတွင် အများဆုံးစိုက်ပျိုးလျှက်ရှိပြီး သဘာဝအရသာရှိသည့် ထူးကဲကောင်းမွန်သော ဒေသထွက်ဖရဲသီးများအား စားသုံးသူများ ကြိုက်နှစ်သက်ကြသည့်အတွက် ဖရဲသီးစိုက်ပျိုးရောင်းချသည့် တောင်သူများနှင့် တစ်ဆင့်ခံရောင်းချသူများ ဈေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


အောင်ဇင်မြင့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)