စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူ တချို့ကို ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူ တချို့ကို ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ မတ် ၂၃ 

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူ တချို့ကို ၂၂-၃-၂၀၂၃ ရက်နေ့က ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့၊ အိုးဘိုတောင်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး ၎င်းကိုင်ဆောင်သည့် ဖုန်းအတွင်း Messenger မှအကြမ်းဖက်အဖွဲအစည်းများ အဖြစ်ကြေညာထားသူများအား အလှူငွေထည့်ရန် ပြောဆိုထားခြင်း၊ မဟုတ်မမှန် သတင်းများအား ပြောဆိုထားခြင်း၊ အကြမ်းဖက်လုပ်ငန်းများတွင် ပါဝင်လာစေရန် တိုက်တွန်းခြင်း၊ စည်းရုံးခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မပပစိုး၊ တရားခံ မခိုင်ဇာကျော် တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်စီ ချမှတ်လိုက်ကြောင်း၊  မုံရွာမြို့၊ မြဝတီရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး လူမှုကွန်ယက် စာမျက်နှာပေါ်တွင် နိုင်ငံတော်အစိုးရအား အကြည်ညိုပျက်စေမည့် စာသားများ၊ နိုင်ငံ့ဝန်ထမ်းများအား CDM ပြုလုပ်ရန်လှုဆော်ခြင်း၊ အကြမ်းဖက် အဖွဲအစည်းများအား အားပေးထောက်ခံသည့် စာသားများအား ရေးသားဖြန့်ဝေလျက်ရှိသူ တရားခံ မစိမ်းလဲ့လဲ့ဝေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ခင်ဦးမြို့နယ်၊ ရွာစဉ်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး နိုင်ငံတော်ပိုင် ပစ္စည်းများအား ဖျက်ဆီးခြင်း၊ ပြည်သူများအား ဒလန်ဟု စွပ်စွဲကာ အကြောင်းမဲ့သတ်ဖြတ်ခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ မျိုးထက်အောင်(ခ) မျိုးလေး၊ တရားခံ မျိုးကျော်ထက်(ခ)ဂျယ်ဟော့ တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)၊၅၀(က)၊ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၃၅)နှစ်စီ အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


ပခုက္ကူမြို့နယ်၊ ထန်းတောချောက်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများဖြစ်သည့် NUG၊ PDF အဖွဲ့များထံ ငွေကြေးကောက်ခံ၍ ထောက်ပံ့ပေးလျက်ရှိသူ တရားခံ ချစ်ကို(ခ)ချစ်ဇော်အား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ထို့အတူ ကနီမြို့နယ်၊ ပျဉ်တောကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက် လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ကာ သင်တန်းတက်ရောက်ခဲ့သူ တရားခံ အောင်ကျော်စိုးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)