မောက်မယ်မြို့နယ်၌ အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ် တိုးချဲ့စိုက်ပျိုး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မောက်မယ်မြို့နယ်၌ အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ် တိုးချဲ့စိုက်ပျိုး



MNP ၊ မတ်  ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် စဉ့်ဝင်ကျေးရွာအုပ်စုဒေသရှိ  အော်ဂဲနစ်ခရမ်းညိုသီး စျေးကောင်းစိုက်တောင်သူများ စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်တိုးချဲ့ စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှသိရသည်။


“အပင်မြေသြဇာကို ဓာတုဆေးဝါးတွေသုံးပါတယ် ဓာတုဆေးဝါးတွေသုံးတော့ ခရမ်းညိုသီး တွေက အလုံးကြီးပေမယ့် အချိုဓာတ်နည်းသွားပြီး ခွဲစိတ်ထားရင်တောင်ကြာကြာမခံပါဘူး၊ အော်ဂဲနစ် ခရမ်းညိုသီးက ဓာတုဆေးဝါးမသုံးဘဲ သဘာဝမြေသြဇာဖြစ်တဲ့ နွားချေး၊ ဝက်ချေးကိုဘဲအသုံးပြု ပါတယ်။ အော်ဂဲနစ် ခရမ်း ညိုသီး စိုက်ပျိုးမယ်ဆိုရင် အရင်ကစိုက်တဲ့စိုက်ဘောင်ကို ဖျက်ဆီးတူးဆွပြီး မီးရှို့ပစ်တယ် ပြီးမှ စိုက်ဘောင် အသစ်ပြန်လုပ်ပြီး နွားချေး၊ ဝက်ချေးမြေသြဇာထည့်တယ် မြေသြဇာထည့်ပြီး တစ်ပတ်ခန့် ရေလောင်း မြေနှပ်ထားပြီးမှ အော်ဂဲနစ်ခရမ်းညိုသီးပင်ကို စတင်စိုက်ပျိုးရပါတယ်။ စိုက်ပြီး ၁၀ရက်ခန့်အကြာမှာ ပျိုးပင်တွေစထွက်လာပြီး အရွက်စုံပြီဆိုတာနဲ့ မှိုသတ်ဆေးအနည်းငယ်ဖျန်းပေးရပါတယ် အပင်သက် တစ်လခန့်ကြာရင်တော့ အပွင့်တွေလိုက်လာပြီး နှစ်လအကြာမှာတော့ အသီးတွေစတင်ခူးဆွတ်ရောင်း လို့ရပါပြီ”ဟု အော်ဂဲနစ်ခရမ်းညိုသီး စိုက်ပျိုး ရောင်းချသူ ဦးလေးညိုက ရှင်းပြသည်။


အော်ဂဲနစ်ခရမ်းညိုသီး တစ်လုံးလျင် ယခင်နှစ်က၁၅၀စျေးဖြင့်ရောင်းချရပြီး ဖောက်သည်စျေးဖြင့် ဝယ်ယူပါက ငွေကျပ်၁၀၀ဖြင့်ရောင်းချရကာ ယခုနှစ်တွင်အော်ဂဲနစ်ခရမ်းညိုသီးတစ်လုံးလျင် ၂၀၀ကျပ် ဖြင့်ရောင်းချရပြီး ဖောက်သည်စျေးဖြင့်ဝယ်ယူပါက ငွေကျပ်၁၅၀ဖြင့်ရောင်းချရသဖြင့် စျေးကောင်းရရှိခြင်းကြောင့် တစ်ပိုင်တစ်နိုင်မှ စီးပွားဖြစ်တိုးချဲ့စိုက်ပျိုးလာကြကြောင်း တောင်သူများထံမှ သိရသည်။


စိုင်းမျိုးသန့်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)