MNP ၊ မတ် ၂၃
ကျိုက်ထိုမြို့နယ်တွင် မွန်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မီးသတ်ဦးစီးဌာနမှ ကျိုက်ထီးရိုးနယ်မြေ မီးသတိပြုရေးနှင့် မီးဘေးအန္တရာယ် ကြို တင်ကာကွယ်ရေး သဏ္ဍန်တူ ဇာတ်တိုက်လေ့ကျင့်ခြင်းကို မတ်(၂၃)ရက် နံနက်ပိုင်းက ကျိုက်ထီးရိုးစေတီတော် ထမင်းဆိုင်တန်း၌ ပြုလုပ်ခဲ့ကြသည်။
ဇာတ်တိုက် လေ့ကျင့်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ဦးစီးအရာရှိ ဦးဝေယံ အောင် ၊ကျိုက်ထီးရိုးနယ်မြေတာဝန်ခံ ဦးအောင်ငြိမ်း နှင့်မီးသတ်တပ်ဖွဲ့ဝင်များကမီးလောင်မှုဖြစ်ပွားရာ၌ ကနဦး ဆောင်ရွက်ရမည့်အချက်များ၊ မီးသတ်ဆေးဗူးအသုံးပြုနည်းများ၊ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် မီးလောင်မှုဖြစ်ပွားပြီး ရှာဖွေကယ်ဆယ်ခြင်းကဏ္ဍ များကိုကျိုက်ထီးရိုးဂေါပကအဖွဲ့များ၊ရင်ပြင်တော်ဈေးသူဈေးသားများ၊ဟိုတယ်လုပ်ငန်းရှင်များ၊အလုပ်သမားအဖွဲ့များမှ ပူးပေါင်း သရုပ် ပြသ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ကျိုက်ထီးရိုးနယ်မြေစခန်းတာဝန်ခံနှင့်ဝန်ထမ်းများ၊ ရင်ပြင်တော်ရှိဌာနဆိုင်ရာများ၊ကျိုက်ထီးရိုးဂေါပကအဖွဲ့ဝင်များ၊ဈေးသူဈေးသားများ၊ဟိုတယ်လုပ်ငန်းရှင်များ၊ အလုပ်သမားအဖွဲ့၊ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment