လိပ်သိုမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ အဝယ်လိုက်နေ၍ ဈေးကောင်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

လိပ်သိုမြို့တွင် ပေါ်ဦးပေါ်ဖျား မရမ်းသီးများ အဝယ်လိုက်နေ၍ ဈေးကောင်းရရှိ


MNP ၊ မတ်  ၇

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသည် တောင်ကုန်း တောင်တန်းထူထပ်ပေါများသော ဒေသဖြစ်ပြီး ဒေသခံပြည်သူများမှ ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်သီးနှံပင်များကို အဓိကစိုက်ပျိုးလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံဖြစ်သည့် မရမ်းသီးများသည် ယခုအချိန်တွင် အသီးများစတင်ထွက်ရှိပြီး ဒေသခံပြည်သူများက လိုက်လံဆွတ်ခူးရောင်းချရာတွင် ပေါ်ဦးပေါ်ဖျားဖြစ်သည့်အတွက် ဈေးကောင်းရရှိကြောင်း သိရသည်။


မရမ်းသီးကင်းများသည် ဟင်းလျာအဖြစ် နှစ်သက်စွာစားသုံးလျက်ရှိပြီး ဒေသခံပြည်သူများသည် မိမိတို့နေအိမ်ခြံဝင်းအတွင်းရှိ မြေလွတ်နေရာများတွင်လည်းကောင်း၊ ဥယျာဉ်ခြံမြေများတွင်လည်းကောင်း အခြားနှစ်ရှည်ပင်များနှင့် ရောနှောကာစိုက်ပျိုးလျက် ရှိသည်။


မရမ်းသီးကင်းများကို ဝယ်ရောင်းသူပွဲစားများက ကျေးရွာများသို့သွားရောက်၍ အပင်ခြေရင်းအထိ လိုက်လံဝယ်ယူလျက်ရှိရာ အရွယ်အစားအလိုက်  ကျပ် (၅၀၀ဝိ/-) မှ ကျပ် (၁၀၀၀ဝိ/-)အထိ ဈေးပေးဝယ်ယူလျက်ရှိပြီး ဒေသတွင်းသာမက ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့၊ လိပ်သိုမြို့နှင့်ထိစပ်လျက်ရှိသော မြို့နယ်၊ ကျေးရွာများသို့ နေ့စဉ် ပို့ဆောင်ရောင်းချလျက်ရှိကြောင်းနှင့် မရမ်းသီးများ လှိုင်လှိုင်ထွက်ရှိလာချိန်နှင့် ရင့်မှည့်လာချိန်တွင် ဈေးနှုန်းများ ပြန်လည်ကျဆင်းသွားကြောင်း သိရသည်။


ခင်လေးနွယ်

 https://t.me/MyanmarNationalPost 



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)