(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ


MNP ၊ မတ်  ၁၆

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းသား/သူများ တပ်မတော်နေ့အကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယမန်နေမွန်းတည့်ချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာနမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုပြီးသည့် ကျောင်းသား/သူများအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။


အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ ဦးတည်ချက်များ၊ တပ်မတော်၏ အား(၁၀)ပါး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင် (၇၇) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းမှ ကောက်နှုတ်ချက်၊   ၁၉၄၇ ခု  ဇူလိုင် ၁၃  ရက်နေ့ မြို့တော်ခန်းမတွင် ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့်မိန့်ခွန်းမှ ကောက်နှုတ်ချက်၊ ၂၀၂၂ခု မတ် ၂၃ ရက် မြန်မာ့အလင်းသတင်းစာမှ ပြည်သူချစ်တဲ့ တပ်မတော်၊ အသက်သွေးချွေး စဉ်မနှေး ပေးဆပ်သည်မှာ တပ်မတော်ပါ၊ တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်တို့ ပါဝင်ကြောင်း သိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)