နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး





MNP ၊ မတ် ၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ယနေ့နံနက်ပိုင်းတွင် ခရီးစဉ်တွင် လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကိုသွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းက မြေဖို့ခြင်း၊ မြေဖြတ်ခြင်းနှင့် တာဘောင် ဆင်ခြေလျောဖြေခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိမှု၊ အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်း များ ဆောင်ရွက်နေမှု၊ လုပ်ငန်းပိုင်းအလိုက် လုပ်ငန်းဆောင်ရွက်တိုးတက်မှု၊ သံလမ်းခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုနှင့် ခရီးသွားများကို ဆွဲဆောင်နိုင်မည့် ရှမ်းပြည်နယ်၏ ထင်ရှား သော ဘဝသံသရာရထားလမ်းတံတားပုံစံအတိုင်း တည်ဆောက်နေမှုနှင့် ဆက်လက် ဆောင် ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ်က ရထားလမ်းသယ်ယူပို့ဆောင်ရေးသည် ဒေသအတွက် များစွာအကျိုးရှိစေမည့် စီမံကိန်း တစ်ခုဖြစ်ကြောင်း၊ ယခု ရွှေညောင်-တောင်ကြီး ရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း ကို သာမာန်ခရီးသွားပြည်သူများ သွားလာအသုံးပြုနိုင်ရန်၊ ကုန်စည်များ ပိုမိုကူးသန်းရောင်းဝယ် နိုင်ရန်၊ ဒေသတွင်းရှိ တွင်းထွက်ပစ္စည်းများနှင့် ထုတ်ကုန်ပစ္စည်းများ ပိုမိုကူးသန်းရောင်းဝယ် နိုင်ရန်၊ ခရီးသွားပြည်သူများကို ဆွဲဆောင်နိုင်ရန် ရည်ရွယ်ကြောင်း၊ နောက်ပိုင်းတွင် ပအိုဝ်း ဒေသအထိ တိုးချဲ့ပြေးဆွဲနိုင်ရေး ရည်ရွယ်ကြောင်း၊ သံလမ်းခင်းရာ၌ လမ်းခင်းကျောက် ထည့် သွင်းမှု၊ တံတားများ ထည့်သွင်းတည်ဆောက်မှုတို့ကို သတ်မှတ်အရည်အသွေးနှုန်းထားများ အတိုင်း ပြည့်မီစွာ ခင်းကျင်းရန်လိုကြောင်း၊ လုပ်ငန်းလျင်မြန်စွာပြီးစီးစေရေးကိုသာ ဦးစားပေး ဆောင်ရွက်ခဲ့ပြီး အရည်အသွေးပြည့်မီမှုမရှိခြင်းများ မဖြစ်စေလိုကြောင်း၊ ဘဝသံသရာ ရထား လမ်း အတိုင်း စနစ်တကျ တည်ဆောက်ရန်လိုကြောင်း၊ ကားလမ်းများ အနီးတွင်ရှိသည့် ရထားသံလမ်းပိုင်းနေရာများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး အကာအရံ ဆောင်ရွက်ပေး ရန်လိုကြောင်း၊ မြေထိန်းနံရံ (Toe Wall)များ၊ ရေကာနံရံများနှင့် ရေထုတ်ပြွန် များ၊ ရေထုတ် မြောင်းများကိုလည်း စနစ်တကျ ထည့်သွင်းဆောင်ရွက်သွားရန်လိုကြောင်းဖြင့် မှာ ကြားသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင် များသည် စီမံကိန်းဧရိယာအတွင်း လှည့်လည်ကြည့်ရှု၍ တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ မှာကြားခဲ့ပြီး စီမံကိန်းဝန်ထမ်းများအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြောင်း သတင်းရရှိသည်။ 


#MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)