ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၆၄၂၃ ဦးရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် လာရောက်ဖြေဆိုသူစုစုပေါင်း ၆၄၂၃ ဦးရှိ




MNP ၊ မတ်  ၉

၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၃၉ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေစုစုပေါင်း ၇၁၁၈ဦး ရှိပြီး စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်လာရောက်ဖြေဆိုသူစုစုပေါင်း ၆၄၂၃ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၀ ဒသမ ၂၄ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။


ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ၄ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၂၇၆ ဦးရှိကာ ဖြေဆိုသူ ၁၁၆၆ ဦးရှိပြီး ပျက်ကွက် ၁၁၀ ဦး၊ လယ်ဝေး မြို့နယ်စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၇၇ ဦး ရှိကာ ဖြေဆိုသူ ၁၃၄၃ ဦး ရှိပြီး ပျက်ကွက် ၁၃၄ ဦး၊ တပ်ကုန်းမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၂၅ ဦး ရှိကာ ဖြေဆိုသူ ၈၃၇ ဦး ရှိပြီး ပျက်ကွက် ၈၈ ဦး ၊ ဥတ္တရသီရိမြို့နယ်  စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၃၇၄ ဦးရှိကာ ဖြေဆိုသူ ၃၄၉ ဦး ရှိပြီး ပျက်ကွက် ၂၅ ဦး ၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာန ၂ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၈၁ ဦး ရှိကာ ဖြေဆိုသူ ၁၇၁ ဦး ရှိပြီး ပျက်ကွက် ၁၀ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ၅ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၈၆ ဦး ရှိကာ ဖြေဆိုသူ ၉၀၃ ဦး ရှိပြီး ပျက်ကွက် ၈၃ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ၆ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၀၅၃ ဦး ရှိကာဖြေဆိုသူ ၈၉၈ ဦး ရှိပြီး ပျက်ကွက် ၁၅၅ ဦး၊ ဇေယျာသီရိမြို့နယ် စာစစ်ဌာန ၄ ခု ၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၄၆ ဦး ရှိကာ ဖြေဆိုသူ ၇၅၆ ဦး ရှိပြီး ပျက်ကွက် ၉၀ ဦး၊ စုစုပေါင်း စာစစ်ဌာန ၃၉ ခု တို့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၆၄၂၃ ဦးတို့  တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။


ထွန်းထွန်းဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment