ရမ်းဗြဲမြို့၌ (၇၈)နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရမ်းဗြဲမြို့၌ (၇၈)နှစ်မြောက် တပ်တော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့)ဖြန့်ဝေပေး





MNP ၊ မတ်  ၁၆

ရခိုင်ပြည်နယ်၊    ရမ်းဗြဲမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် (၇၈) နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်များ(အခမဲ့) ဖြန်ဝေခြင်းကို ယနေ့ မွန်းတည့်    ၁၂ နာရီက  ရမ်းဗြဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက တက္ကသိုလ်စာမေးပွဲဖြေဆိုကြသည့်‌ကျောင်းသားကျောင်းသူများအား (အခမဲ့)ဖြန့်ဝေပေးခဲ့ကြသည်။


       အဆိုပါ    (၇၈) နှစ်မြောက်    တပ်မတော်နေ့အထိမ်းအမှတ်သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက်တပ််မတော်နေ့သတင်းစကားလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြာက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်၏အား (၁၀) ပါး၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌတပ်မ

တော်ကာကွယ်ရေးဦးစီးချုပ်  ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူမင်းအောင်လှိုင် (၂၇-၃-၂၀၂၂)ရက်နေ့(၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ပြောကြားသည့်မိန့်ခွန်းကောက်နုတ်ချက်၊  ဖိုးလေးလုံးသောင်းကိုကို   ရေးသားသည့်      ပြည်သူချစ်တဲ့တပ်မတော်ကဗျာ၊ဗိုလ်ချုပ်အောင်ဆန်း ၁၃-၇-၁၉၄၇ ရက်နေ့ မြို့တော်ခန်းမတွင်ကျင်းပသော ပြည်သူ့အစည်းအဝေး၌ ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နုတ်ချက်၊  နိုင်ငံတော်နှင့်နိုင်ငံသားများအကျိုးစီးပွားကို ဦးလည်မသုန်ထမ်းရွက်ခဲ့ ဆောင်ပါးနှင့် တပ်မတော်၏  ဆောင်ပုဒ်များဖြင့်ဝေဝေဆာဆာဖေါ်ပြပါရှိသည်။    


၎င်းသတင်းစကားလက်ကမ်းစာစောင်အား ဌာနဆိုင်ရာများနှင့်ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာဖတ်ရှုခဲ့ကြကြောင်း သိရသည်။


အောင်နိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)