MNP ၊ မတ် ၂၂
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ ပန်းချီ စွမ်းရည် ပြိုင်ပွဲကို ယနေ့ နံနက် ၁၀နာရီအချိန် မောင်တောခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမြင့်ခိုင်က ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း နှင့် ကျောင်းသား/သူလေးများအနေဖြင့် ဗဟုသုများပိုမိုရရှိစေရန်၊ ဉာဏ်ရည်များ ပိုမိုထက်မြတ်လာစေရန် နှင့် ပန်းချီ အနုပညာစွမ်းရည်များ တိုးတက်လာစေရန် ဆေးရောင်များ၏သဘောတရားများအားသိရှိစေရန် စသည့် ရည်ရွယ် ချက်များ နှင့် ပြုလုပ်ခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်များတွင် စာကြည့်တိုက်သို့ လာရောက်၍ သုတ/ရသ စာအုပ်များကို ငှားရမ်းဖတ်ရှုသင့်ကြောင်းကိုလည်း ပြောကြားခဲ့သည်။
ဆက်လက်၍ ပန်းချီပြိုင်ပွဲကိုကျင်းပခဲ့ရာ ပြိုင်ပွဲတွင် အခြေခံ ပညာ ကျောင်းများမှ ကျောင်းသား၊ကျောင်းသူ ၁၂ ဦးက ပါဝင်ယှဉ်ပြိုင်ခဲ့ကြကာ ပထမဆုကိုGrade-7မှ မောင်အောင်မျိုး ကျော်က လည်းကောင်း ၊ဒုတိယဆုကို Grade-7မှ မနန်းအိသဇင် နှင့် တတိယဆုကို Grade-4မှ မောင်အောင် ဟိန်း ထက်တို့က ဆုများရရှိခဲ့ပြီး တာဝန်ရှိသူများက ဆုငွေများအသီးသီး ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။
သက်လွင်စိုး ၊အောင်ကျော်စိန်
https://t.me/MyanmarNationalPost




No comments:
Post a Comment