မာန်အောင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့တွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကျင်းပ





MNP ၊ မတ်  ၁၇

ရခိင်ပြည်နယ် မာန်အောင်မြို့၌ကလေးသူငယ်အခွင့်အရေးဆိုင်ရာဥပဒေအသိပညာပေးဟောပြောပွဲကို ယနေ့ မွန်းလွဲ၂နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပ ပြုလုပ်ခဲ့သည်။


  အခမ်းအနားတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းဇော်ဟိန်းက မိမိတို့ဒေသအတွင်းရှိ ကလေးသူငယ်များ၏အခွင့်အရေးများ အပြည့်အဝရရှိရေးနှင့် ကလေးသူငယ်များ၏အကောင်းဆုံး အကျိုးစီးပွားကို ပိုမိုဖော်ဆောင်သွားနိုင်ရေး၊ ကလေးသူငယ်များအနေဖြင့် ၎င်းတို့ရရှိမည့် အခွင့်အရေးများ ရရှိစေရန်နှင့် အကြမ်းဖက်ခံရခြင်း၊လစ်လျူရှုခံရခြင်း၊ လွဲမှားစွာပြုကျင့်ခံရခြင်း၊ ခေါင်းပုံဖြတ်ခံရခြင်းနှင့် လူကုန်ကူးခံရခြင်းတို့မှ ကာကွယ်ပေးနိုင်ရေးအတွက် ကလေးသူငယ်ဆိုင်ရာ တာဝန်ရှိသူများအနေဖြင့် ထပ်ဆင့်အသိပညာပေး ဆောင်ရွက်ကြစေလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။


         ထို့နောက် ကျောက်ဖြူခရိုင်လူမှုဝန်ထမ်းရုံး၊မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝင်းဝင်းမြင့်ကမြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ညီလာခံသဘောတူစာချုပ်ကို ၁၉၉၁ ခုနှစ်တွင်ပါဝင်လက်မှတ်ရေးထိုးခဲ့ပြီး ရက်ပေါင်း ( ၃၀) အကြာတွင် အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပါကြောင်း၊  ၁၉၉၃ ခုနှစ်တွင် ကလေးသူငယ်ဥပဒေကိုလည်းကောင်း ၊ ၂၀၀၁ခုနှစ်တွင် ကလေးသူငယ်နည်းဥပဒေကိုလည်းပြဌာန်းနိုင်ခဲ့သော်လည်း ၁၉၉၃ ခုနှစ် ကလေးသူငယ်ဥပဒေတွင်လို အပ်ချက်များရှိနေသည့်အတွက် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (The Child Right law )ကိုပြဌာန်းခဲ့ရာ အဆိုပါ  ဥပဒေ အရ ကလေးသူငယ်၏အသက်ကို (၁၈)နှစ်အထိ တိုးမြှင့်သတ်မှတ်ပြီး နိုင်ငံတော်မှ ကာကွယ်  စောင့်ရှောက်ရန် လိုအပ်သည့် ကလေးသူငယ်ဥပဒေ အမျိုးအစားကို ၁၆ မျိုးအထိတိုးမြှင့်သတ်မှတ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်ကလေးသူငယ် အခွင့်အရေးများကို  အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ(NCRC)ကိုဖွဲ့စည်းခဲ့ပြီး ပြည်နယ်/ခရိုင်/မြို့နယ်(CRC)ကော်မတီများကို ကလေးသူငယ်များအကျိုး ဆောင်ရွက်နိုင်ရေးအတွက် ဖွဲ့စည်း ထားရှိကြောင်းကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သိကောင်းစရာများနှင့် ဥပဒေအကြောင်းအရာများကို အကျယ်တဝင့် အသိပညာပေး ဟောပြောခဲ့သည်။


      အဆိုပါဟောပြောပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းဇော်ဟိန်းနှင့်မြို့နယ်(CRC)ကော်မတီဝင်များ၊မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)