MNP - မတ် ၃
ရခိုင်ပြည်နယ်၊အမ်းခရိုင်၊အမ်းမြို့နယ်တွင်အမ်းခရိုင် မူး/စိတ်/တားအဖွဲ့မှကြီးမှူး၍ ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အ ပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှု နှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ ၊ ကာတွန်း ၊ ပိုစ တာပြိုင်ပွဲကို ယနေ့ နံနက်(၁၀)နာရီအ ချိန်တွင်အမ်းမြို့ ၊ အမှတ်(၁)အခြေခံ ပညာအထက်တန်း ကျောင်း ၊ ပညာရတ နာ ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါပြိုင်ပွဲတွင် အခြေခံပညာမူလတန်း ၊ အလယ်တန်းနှင့်အထက်တန်းအဆင့် ပန်းချီ ၊ ကာတွန်း နှင့် ပိုစတာပြိုင်ပွဲများကို ကျင်းပရာ ပြိုင်ပွဲသို့ အမ်းမြို့ပေါ်ရှိ အခြေခံပညာကျောင်းများကျောင်းသား၊ ကျောင်းသူများက ဝင်ရောက်ယှဉ်ပြိုင်ကြသည်။
အဆိုပါပြိုင်ပွဲကျင်းပရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်ဇော်ထက် နှင့်အဖွဲ့ဝင်များအမ်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံးမှ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးစိုးမြင့် ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမင်းဦး နှင့် ပြိုင်ပွဲကျင်းပရေး ကော် မတီများက ကြည့်ရှုအားပေးကြီးကြပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါပြိုင်ပွဲများမှ ပြိုင်ပွဲဝင် ပန်းချီ ၊ ပိုစတာ နှင့်ကာတွန်းပုံများကို ပြည်နယ်အဆင့်မှ ဆုများ ရွေးချယ် သွားမည်ဖြစ်ကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှသိရသည်။
https://t.me/MyanmarNationalPost



No comments:
Post a Comment