Pages

Pages

မင်းတုန်းမြို့တွင် နွေရာသီ အခြေခံအားကစား သင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့ အမှတ်(၂)ရပ်ကွက်ရှိ အားကစားခန်းမတွင် နွေရာသီ အခြေခံအားကစားသင်တန်းကို မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်ရာ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။


အဆိုပါ နွေရာသီ အခြေခံအားကစားသင်တန်းတွင် ကြက်တောင်၊ စားပွဲတင်တင်းနစ်၊ ရိုးရာခြင်းလုံးနှင့် ဘောလီအားကစားများ သင်ကြားပေးပြီး သင်တန်းသား၊ သင်တန်းသူ (၄၀)ဦး တက်ရောက်လျက်ရှိကာ သင်တန်းကာလ မတ်လ ၁၄ ရက်နေ့မှ မတ်လ ၂၇ ရက်နေ့ထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment