Pages

Pages

ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ




MNP ၊ မတ်  ၁၈

၂၀၂၃ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်အဖြစ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင် (ဗဟန်း) လူထုအခြေပြုဗဟိုဌာန Community Centre ၌ ယမန်နေ့၊ နေ့လယ် ၁ နာရီက စာစီစာကုံးပြိုင်ပွဲနှင့် ဆုချီးမြှင့်ခြင်းအခမ်းအနား ကျင်းပခဲ့သည်။


ထို့နောက် ဗဟန်းမြို့နယ်အတွင်းမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးတို့က "တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည်" ခေါင်းစဉ်ဖြင့်ယှဉ်ပြိုင်ခဲ့သည်။


ဆက်လက်၍ စာစီစာကုံးပြိုင်ပွဲတွင် အထူးဆုရရှိသူ မောင်စည်သူအောင်ခြိမ့်၊ ပထမဆုရရှိသူ‌ မောင်ခွန်ဇေယျပိုင်၊ ဒုတိယဆုရရှိသူ မောင်အောင်ခန့်လင်းနှင့် တတိယဆုရရှိသူ‌ မောင်ကျော်ဝင်းစိုးတို့ကို ရန်ကုန်အနောက်ပိုင်းခရိုင်မှူးနှင့် တာဝန်ရှိသူများမှ ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


စန္ဒာမိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment