Pages

Pages

အမ်းမြို့နယ်၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း(ဒုတိယနေ့)သင်ကြားပို့ချလျက်ရှိ




MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Commu nity Centre ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယနေ့ကို ယနေ့ နေ့လယ် အချိန်က ဖွင့်လှစ်သင်ကြားပို့ချလျက်ရှိသည်။


နွေရာသီကာလတွင် ကျောင်းသား ကျောင်းသူများ အချိန်ကို အကျိုးရှိစွာအသုံးချတတ် ပြီး ပြည်သူစာကြည့်တိုက်သို့လာရောက်ကာ စာပေဗဟုသုတများကို လေ့လာဖတ်ရှုနိုင်ရန်နှင့် အခြေခံပန်းချီရေးဆွဲနည်း အတတ်ပညာများကို အခြေခံမှစပြီးသိရှိကာ စနစ်တကျရေးဆွဲ တတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဒုတိယနေ့တွင် ကျောင်းသားကျောင်းသူ(၂၅)ဦးအား လိပ်၊ ဆင်၊ မြောက်၊ နွား ပန်းချီရေးဆွဲနည်းများကို သင်ကြားပို့ချခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment