Pages

Pages

အမ်းမြို့နယ်၌ အခြေခံ PHYSICAL FITNESS DANCE သင်တန်း ဒုတိယနေ့ သင်ကြားလျက်ရှိ




MNP ၊ မတ်  ၁၇

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ နွေရာသီအခြေခံ PHYSICAL FITNESS DANCE သင်တန်း ဒုတိယနေ့အား Community Centre ခန်းမ၌ မတ် ၁၆ ရက် ညနေအချိန်က သင်ကြားလျက်ရှိသည်။


အဆိုပါသင်တန်း ဒုတိယနေ့ကို သင်တန်းဆရာမ မတင်တင်မိုးက ဦးဆောင်၍ သင်တန်း သူ(၂၅)ဦးအား ကိုယ်လက်လှုပ်ရှားအားကစားနည်းများ၊ ကကွက်နည်းများကို စနစ်တကျ သင်ကြားပေးခဲ့သည်။


လူငယ်များအား နွေရာသီအားလပ်ရက်တွင် ကျန်းမာပျော်ရွှင်ပြီး ဗဟုသုတတိုးပွားစေရန် အတွက် ယခုကဲ့သို့ အခြေခံ PHYSICAL FITNESS DANCE သင်တန်းကို ဖွင့်လှစ်ပို့ချ သင်ကြား ပေးခဲ့ကြောင်းသိရသည်။



စိုးမင်းထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment