သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲကျင်းပ


MNP ၊ မတ်  ၁၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်မှ ပလတ်စတစ်ထိုင်ခုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို အဆိုပါ အသင်းရုံးခန်းမတွင် ယနေ့ ညနေ(၄)နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က အသင်းမှရရှိသော အတိုးရငွေများဖြင့် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခြင်း၊ အသင်းသားများအား အမြတ်ငွေများခွဲဝေပေးခြင်း၊ အငြိမ်းစားဝန်ထမ်များအား ထောက်ပံ့ငွေများ ပေးအပ်ခြင်းနှင့် ဌာနဆိုင်ရာများမှ လိုအပ်လျက်ရှိသော ထိုင်ခုံများအား အလှည့်ကျစနစ်ဖြင့် လှူဒါန်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစီမံချက်များကို ရှင်းလင်းပြောကြားခဲ့သည်။


ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရတနာဝင်းက ဝန်ထမ်းများ အတွက်လည်းများစွာ အထောက်အကူဖြစ်သည့်အတွက် ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်း လီမိတက်၏ လုပ်ငန်းများကိုများစွာ ဂုဏ်ယူကျေနပ်အားရမိပါကြောင်း၊ အမှုဆောင်ဒါရိုက်တာများ အနေဖြင့်လည်း လုပ်ငန်းပိုမိုတိုးတက် အောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အတွက် မြို့နယ်အတွင်းရှိ ဝန်ထမ်းအသင်းသားများ ကိုယ်စားများစွာ ကျေးဇူးတင် ရှိပါကြောင်း စသည်ဖြင့် ပြောကြားခဲ့သည်။


ထို့နောက် အသင်းဥက္ကဋ္ဌ ဦးတင်မောင်မောင်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသို့ လက်တင်မပါ ပလတ်စတစ်ထိုင်ခုံ (၂၀)လုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာ မြို့နယ်ဦးစီးမှူးရုံးသို့ လက်တင်ပါပလတ်စတစ်ထိုင်ခုံ(၁၅)လုံး၊ သမဝါယမဦးစီးဌာနသို့ စက်ရေတွင်း တူးဖော်ခြင်းအတွက် ငွေကျပ်(၅)သိန်းတို့ကို ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိသူ အသီးသီးကလက်ခံရယူခဲ့ကြကြောင်း၊ ထိုင်ခုံ(၃၅)လုံးတန်ဖိုးမှာ ငွေကျပ်(၄)သိန်းခန့်ဖြစ်ကြောင်း၊ ဆက်လက်၍ လိုအပ်လျက်ရှိသော ဌာနဆိုင်ရာရုံးများ၊ ကျောင်းများသို့လည်း လှူဒါန်းပေးသွားမည်ဖြစ်ကြောင်းနှင့်   သီပေါမြို့နယ်ဝန်ထမ်းပေါင်းစုံ သမဝါယမအသင်းလီမိတက်တွင် မြို့နယ်အတွင်းရှိအသင်းသား ဝန်ထမ်း (၂၀၅၀) ဦးရှိပြီး၊ အသင်းသားများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးများကို တစ်ဖက်တစ်လမ်းမှ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း အသင်းအမှုဆောင်ဒါရိုက်တာ အဖွဲ့ဝင်ထံမှသိရသည်။


ခင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)