ပေါက်တောမြို့နယ် အားကစားခန်းမ၌ ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့နယ် အားကစားခန်းမ၌ ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲပြုလုပ်





MNP ၊ မတ်  ၂၃

 ရခိုင်ပြည်နယ် စစ်တွေခရိုင် ပေါက်တောမြို့ ၌ ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ လျော့နည်းစေရန်ရည်ရွယ်၍ အသိပညာပေး နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်ပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ပေါက်တောမြို့နယ်အားကစာခန်းမ၌ပြုလုပ်သည်။


အဆိုပါ အသိပညာပေး နံရံကပ်နှင့်စာအုပ်ပြပွဲကိုပြသရာ ကလေးအလုပ်သမားများပပျောက်ရေး အသိပညာပေးအကြောင်းအရာများ၊ မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အကြောင်းအရာပါ နံရံကပ်စာစောင်နှင့် ဗဟုသုတရစေမည့် သုတစာအုပ်များကိုပြသရာမိဘပြည်သူ လူငယ်လူရွယ်များမှ စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်းသိရသည်။


 ထို့ပြင် ပေါက်တောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်သို့ မလာနိုင်သည့် စာဖတ်ပရိသတ်များနှင့် ကလေးငယ်များအတွက် ပုံပြင်ပြောခြင်း၊ကဗျာရွတ်ဆိုခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ စာကြည့်တိုက်ဝန်ဆောင်မှုလုပ်ငန်း ၊ လူငယ်စကားဝိုင်း နှင့် အသိပညာပေး (Talk Show ) အစီအစဉ်များရိုက်ကူး ပြီး ပေါက်တောမြို့နယ် Facebook Page တွင်တင်ဆက်ပေးလျက်ရှိသည့်အပြင် စာဖတ်ပရိသတ် လက်ဝယ်အရောက် စာအုပ်စာစောင်များအား ရွေ့လျားစာကြည့်တိုက်အဖြစ်ကွင်းဆင်းကာ အခမဲ့ငှားရမ်းပေးလျက်ရှိကြသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)