အင်းစိန်မြို့နယ်၌ ပြည်သူများအား မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အင်းစိန်မြို့နယ်၌ ပြည်သူများအား မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေး လုပ်ငန်းများဆောင်ရွက်



MNP ၊ မတ်  ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၏ကျန်းမာရေးလိုအပ်ချက်များကို ကူညီစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍(Non Communicable Disease)မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးနှင့် ကျန်းမာရေးအသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ဆောင်ရွက်သည်။


ဆောင်ရွက်ရာတွင် ရန်ကုန်တိုင်းဒေသကြီး၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဌေးလွင်၏ဦးဆောင်မှုဖြင့်  အင်းစိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မကူးစက်နိုင်သောရောဂါများရှာဖွေကုသရေးဌာန၏ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ အဆုတ်လေပြွန်ယောင်ရောဂါ၊ ခံတွင်းကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာရောဂါစမ်းသပ်ခြင်းများကို ရပ်ကွက်နေပြည်သူ(၂၄၉)ဦးအား စစ်ဆေးနိုင်ခဲ့သည်။


ထို့​ပြင် လေ့ကျင့်ခန်းလုပ်ခြင်းသည် ဆေးသောက်ခြင်းကဲ့သို့ ကောင်းမွန်ကြောင်း၊ (Exercise is medicine)  စားသောက်နေထိုင်မှုပုံစံ အရေးကြီးကြောင်း၊ ဆေးသောက်မှုမှန်ကန်ရန် ပုံမှန်ကုသမှုခံယူရန်လိုအပ်ကြောင်းစသည့် ကျန်းမာရေးအသိပညာပေး သိကောင်းစရာများကို ဟောပြောပြီးနောက် ကျန်းမာရေးဝန်ထမ်းများနှင့်အတူ လူနာများက ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းပြုလုပ်ခဲ့ကြကြောင်း သိရသည်။


ဇွဲထက်ကို

 https://t.me/MyanmarNationalPost




No comments:

Post a Comment