နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်း ၊ ကော်မတီရွေးချယ်ခြင်း နှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးရေး မြစိမ်းရောင်စီမံကိန်းလုပ်ငန်းအတွက် မတည်ငွေထုတ်ချေးပေးနိုင်ရေး စီမံကိန်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းခြင်း ၊ ကော်မတီရွေးချယ်ခြင်း နှင့် စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်




MNP ၊ မတ်  ၂၁

ရခိုင်ပြည်နယ်၊မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုး ရေး ထုတ်လုပ်မည့် မြစိမ်းရောင် စီမံကိန်း မိတ်ဆက်ခြင်း ၊ ကော်မတီရွေးချယ်ခြင်း နှင့် စီမံကိန်း ဆိုင်ရာ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်ကမြောင်းဘွေကျေးရွာ စိုက်ပျိုး ရေးဦးစီးဌာနရုံး ၌ ကျင်းပ ပြု လုပ်ခဲ့သည်။


ရှေးဦးစွာ စိုက်ပျိုးရေးဦးစီးဌာန ၊ မြို့နယ်ဦးစီးမှူး ဦးစိုးလွင်ဖြိုး က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်မည့် မြစိမ်းရောင်စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာန နှင့် သက်ဆိုင် ရာဌာနများမှ တာဝန်ရှိသူတို့က ရန်ပုံငွေလုပ်ထုံးလုပ်နည်းနှင့် အညီစာချုပ်စာ တမ်းများဖြင့် စနစ် တကျ ထုတ်  ပေး မည်ဖြစ်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးကဏ္ဍများ ဖွံ့ ဖြိုး တိုးတက် ရေး နှင့်ဒေသအလိုက် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် အကျိုးရှိရှိ သုံးစွဲကြရန် ရှင်းလင်းပြောကြားခဲ့သည်။ 


နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက်လိုသည့် ကျေးရွာကော်မတီအား ဖွဲ့စည်း တာဝန်ပေးအပ်၍ စီမံကိန်း ဆိုင် ရာသင်တန်းအား ဖွင့်လှစ်ပြီး သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူတို့က မိမိဌာနနှင့် ဆက်စပ်သော အကြောင်းအရာများကို စိုက်ပျိုးရေး၊မွေးမြူရေး လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသည့် ဒေသခံ ပြည်သူများကို သင်ကြားပို့ချပေးလျှက်ရှိကြောင်း သိရသည်။


အဆိုပါစီမံကိန်းမိတ်ဆက်ခြင်း နှင့် သင်တန်းဖွင့်ပွဲ သို့ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တို့မှ တာဝန်ရှိ သူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး နှင့် စိုက်ပျိုးရေး၊ မွေးမြူ ရေးလုပ်ငန်းကိုလုပ်ကိုင် ဆောင်ရွက် နေသည့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


မြင့်စိုး၊စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)