နတ်မောက်မြို့နယ် ဝက်ချုပ်​ကျေးရွာ၌ မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း ​ကော်မတီပြန်လည်ဖွဲ့စည်းခြင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်မောက်မြို့နယ် ဝက်ချုပ်​ကျေးရွာ၌ မြစိမ်း​​ရောင်​ကျေးရွာစီမံကိန်း ​ကော်မတီပြန်လည်ဖွဲ့စည်းခြင်းဆောင်ရွက်





MNP ၊ မတ်  ၂၃

မ​ကွေးတိုင်း​ဒေသကြီး၊ နတ်​မောက်မြို့နယ် ​ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာနက  မြစိမ်းရောင်စီမံကိန်းဖြင့် အကောင်အထည်​ဖော်​ဆောင်ရွက်သည့် ​ဝက်ချုပ်ကျေးရွာတွင် စီမံကိန်း​ကော်မတီဝင် ပြန်လည်ဖွဲ့စည်းခြင်းကို ယမန်နေ့က ဘုန်း​တော်ကြီး​ကျောင်း၌  ပြုလုပ်ခဲ့သည်။


​ရှေးဦးစွာ နတ်​မောက်မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်​ရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးက ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေတိုးပွားလာပြီး ဆင်းရဲမှုလျော့ကျ စေရန်ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေဖြင့် လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မတီဝင်အသစ် ပြန်လည်ဖွဲ့စည်းရာတွင်ကျေးရွာမှ အများသ​ဘောတူ​ရွေးချယ်မည့် ​ကော်မတီ၀င်များအ​နေဖြင့်  ကိုယ်ကျိုးအတွက်မကြည့်ဘဲ ပရဟိတစိတ်ဖြင့် ​ရပ်ရွာအကျိုးဆောင်ရွက်ရမည်ဖြစ်​ကြောင်း၊ စာရင်း ဇယားများအား စနစ်တကျ ​ဖြည့်သွင်း​ဆောင်ရွက်ရ မည်ဖြစ်​ကြောင်း ​ဆွေး​နွေး​ပြောကြားခဲ့ သည်။


ထို့နောက် ​ကျေးရွာသူ​ကျေးရွာသားများ၏ အများသ​ဘောဆန္ဒနှင့်အညီ မြစိမ်းရောင်​ကျေးရွာလုပ်ငန်းအဖွဲ့(၇)ဦး အားဖွဲ့စည်းခဲ့သည်။ အဆိုပါ ကော်မတီအသစ်ပြန်လည်ဖွဲ့စည်းရာသို့ မြို့နယ် ကျေးလက်​ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာနေ ပြည်သူများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။


လှဝင်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)