ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ


MNP ၊ မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီအချိန်က အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းရှိ လှိုင်ပညာခန်းမ၌ ကျင်းပခဲ့သည်။


​ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူး အောင်မျိုးသူတို့က အဖွင့်အမှာ စကား ပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးစောလားအေးက မြို့နယ်တွင် အခြေခံပညာ မူလတန်းအဆင့် ဘာသာရပ် စွမ်းရည်မြှင့် ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ‌ အခြေခံပညာမူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ မှ ဆရာ၊ ဆရာမ စုစုပေါင်း(၉၈၂)ဦး တက်ရောက်ပြီး သင်တန်း နည်းပြ ဆရာ၊ ဆရာမ (၃၃)ဦးဖြင့် မတ်လ ၂၈ ရက်နေ့မှ ၃၁ နေ့အထိ ဆွေးနွေးသင်ကြားပို့ ချမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။


ထက်ဝေဖြိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)