ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တွင် နိုင်ငံတော်မှချီးမြှင့်သော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိ စာသင်တိုက် အုပ်ဆရာတော် ဘဒ္ဒန္တစာရိန္ဒအားကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တွင် နိုင်ငံတော်မှချီးမြှင့်သော မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့တံဆိပ်တော်ရ လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိ စာသင်တိုက် အုပ်ဆရာတော် ဘဒ္ဒန္တစာရိန္ဒအားကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ


MNP ၊ မတ်  ၇

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးမြို့တွင် နိုင်ငံတော်မှချီးမြှင့်သောမဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ လင်းခေးမြို့နယ်၊ နားကုန်းပရိယတ္တိ စာသင်တိုက်အုပ်ဆရာတော် ဘဒ္ဒန္တစာရိန္ဒအား ကြိုဆိုဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လင်းခေးမြို့အဝင် ကြိုဆိုရေးမုခ်ဦး၌ ကျင်းပခဲ့ကြောင်း သိရသည်။


ဦးစွာ ဂုဏ်ပြုကြိုဆိုပွဲကို အဆိုပါမုခ်ဦး၌ မြို့နယ်အတွင်းရှိ ဓမ္မမိတ်ဆွေပြည်သူလူထုအပေါင်းက စုပေါင်းကြိုဆိုခဲ့ကြပါသည်။ ထိုသို့ကြိုဆိုရာတွင် ရှမ်းတိုင်းရင်းသားရိုးရာ အိုးစည်ဗုံမောင်းအကများ၊ ကိန္နရီကိန္နရာနှင့်တိုးနယားအကများဖြင့် ကပြဖျော်‌ဖြေကြိုဆိုခဲ့ကြပါသည်။


ဆက်လက်၍ ဘွဲ့တံဆိပ်တော်ရဆရာတော် အားကြိုဆိုဂုဏ်ပြုပူဇော်သည့် အခမ်းအနားကို မြို့နယ်မဟာဝိဟာရပရိယတ္တိစာသင်တိုက် သုံးထပ် ကျောင်းဆောင်၌ ကျင်းပရာ၊ ဆရာတော် သံဃာတော်များက နမောတဿသုံး ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်လိုက်ပါသည်။ ဆက်လက်ပြီး ရတနာသုံးပါးကန်တော့ခြင်းနှင့်လင်းခေးမြို့ နယ်သံဃာ့နာယကဥက္ကဋ္ဌ ဆရာတော်ထံမှဩ ဝါဒခံယူခဲ့ကြသည်။ ဆက်လက်ပြီးဘွဲ့ရဆရာတော်ကြီး၏ ထေရုပတ္တိ အကျဉ်းမြန်မာဘာ သာ/ရှမ်းဘာသာဖြင့် ဝမ်ဟတ်တိုက်နယ် တိညုဆိုင်လိုင်း ကျောင်းဆရာတော် ဘဒ္ဒန္တဝေပုလ္လဆရာတော်နှင့် လင်းခေးမြို့ မဟာဝိဟာရစာ သင်တိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဝိ မာလာဘိပါလတို့က ရွတ်ဖတ်ပူဇော်ခြင်း၊ ဆရာတော်၏ ထေရုပ္ပတ္တိအကျဉ်းရှစ်လုံးဖွဲ့ လင်္ကာကဗျာကို ဓမ္မစကူးလ်ဦးဆောင်ဆရာမ ဒေါ်နန်းခင်ရီ၏ ဓမ္မစကြာအဖွဲ့က မြန်မာ/ရှမ်း ဘာသာဖြင့် ကျူးရင့်ပေးခဲ့ကြပါသည်။


ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြခြင်း၊ တပ်နယ်မှူးဗိုလ်မှူး ကြီးသန့်ထင်စိုးနှင့် တပ်နယ်မိသားစုများ၊ ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် သီးခြားအလှူရှင်များက ဆရာတော်ထံ ဂုဏ်ပြုဝတ္ထုအလှူငွေများ အသီးသီးဆက်ကပ်ပူဇော်ခြင်း၊ ပင့်သံဃာစေ့နဝကမ္မအလှူ ငွေဆက်ကပ်လှူဒါန်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။


ယင်းနောက် ဘွဲ့တံဆိပ်တော်ရဆရာတော် ကကျေးဇူးတင်ဩဝါဒမြွက်ကြားပေးပြီး၊ အလှူရှင်များနှင့် ပရိတ်သတ်အပေါင်းတို့က လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ တက်ရောက်လာသည့် ဆရာဒကာအားလုံးက ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။


စိုင်းဇော်လတ်

 https://t.me/MyanmarNationalPost




No comments:

Post a Comment