Pages

Pages

လှည်းကူးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းဖွင့်လှစ်





MNP ၊ မတ်  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလများအတွင်း လူငယ်များဖွံ့ဖြိုးတိုးတက်စေရေးအတွက် အထောက်အကူဖြစ်စေရန်၊ ကျောင်းစာအပြင်ဗဟုသုတများ တိုးပွားစေရန်နှင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ လှည်းကူးမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် အခြေခံပန်းချီရေးဆွဲနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က ဖွင့်လှစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးကျော်မင်းညွှန့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးအေးနွဲ့က သင်တန်းဖွင်လှစ်ရခြင်း၏ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး နောက် ပန်းချီဆရာ ဦးအောင်ခန့်ဗိုလ်က အခြေခံပန်းချီရေးဆွဲနည်း၏ နည်းစနစ်များ အကြောင်းကို ရှင်းလင်းပြောကြားသည်။


 အဆိုပါသင်တန်းကို သင်တန်းဆရာအဖြစ် ဦးအောင်ခန့်ဗိုလ်နှင့် ဦးသက်ဦးတို့က သင်ကြားပို့ချပေးမည်ဖြစ်ပြီး အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို မတ်လ (၂၀) ရက်နေ့မှ (၂၆) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သင်တန်းသို့သင်တန်းသား၊ ကျောင်းသူ(၂၇)ဦး တက်ရောက်ကြောင်း သိရသည်။


အေးအေးနွဲ့

 https://t.me/MyanmarNationalPost




No comments:

Post a Comment