MNP ၊ မတ် ၂၀
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေ ပြု ဗဟိုဌာန Community Centre ခန်းမတွင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်းပြီး မတ် (၂၀)ရက် နံနက် (၉)နာရီခွဲ အချိန်က ကမ္ဘာစားသုံးသူအခွင့်အရေးများအကြောင်းသိကောင်းစရာ အသိပညာပေး Talk Show ဆွေးနွေးပွဲကို ကျင်းပ ပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာ ရှိ ဒေါ်သန်းသန်းမော်က အသိပညာပေး Talk Show အစီအစဉ် ပြုလုပ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး
စားသုံးသူရေးရာဦးစီးဌာနမှကျိုက်ထိုခရိုင်မှူး ဦးအောင်ကျော်မင်းက ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့ပေါ်ပေါက်လာပုံ၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့ အခမ်း အနားကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်၊ကမ္ဘာ့စားသုံးသူအခွင့်အရေးများ နေ့အထိမ်းအမှတ်အခမ်းအနားများကျင်းပနေမှုအခြေအ နေများ၊အာဆီယံနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်မှုအခြေအနေနှင့်စားသုံးသူကာကွယ်ရေးဥပဒေပြဌာန်းထားမှုအခြေအနေများစသည်တို့ကို အကျယ် တဝင့် ရှင်းလင်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ကျိုက်ထိုမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေး Talk Show ဆွေးနွေးပွဲအစီအစဉ် များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူ အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုး
https://t.me/MyanmarNationalPost



No comments:
Post a Comment