ရှမ်းရွာသစ်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရှမ်းရွာသစ်မြို့တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ


MNP ၊ မတ်  ၂၀

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လ(၂၇)ရက်နေ့တွင် ကျရောက် မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဒေသခံပြည်သူများနှင့် ဌာနဆိုင်ရာရုံးများသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


အဆိုပါလက်ကမ်းစာစောင်တွင် (၇၈)နှစ်မြောက် တပ်မတော်နေ့ဦးတည်ချက်များ၊ တပ်မတော်အား (၁၀)ပါး၊ ၂၀၂၂ခုနှစ်၊ မတ်လ(၂၇)ရက်နေ့ (၇၇)နှစ်မြောက်တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဉက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမဟာသရေစည်သူ မင်းအောင်လှိုင် ပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ(၁၃)ရက်နေ့ မြို့တော် ခန်းမတွင် ကျင်းပသောပြည်သူ့အစည်းအဝေး၌ ဗိုလ်ချုပ်အောင်ဆန်းပြောကြားခဲ့သည့် မိန့်ခွန်းကောက်နုတ်ချက်များ၊ စာရေးဆရာဖိုလေးလုံးသောင်းကိုကိုရေးသားထားသော ပြည်သူချစ်တဲ့တပ်မတော်ကဗျာနှင့် တပ်မတော်အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် စသည့်တပ်မတော်ကိုယ်စားပြုဆောင်ပုဒ်များပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။


ဇင်လေး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)