MNP ၊ မတ် ၂၀
ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန Community Centre ခန်းမ၌ မတ်လ၂၇ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ်(အကြို)အလယ်တန်းအဆင့်ပန်းချီဆွဲပြိုင်ပွဲကို ယနေ့ မွန်းလွဲ၁ နာရီကအဆိုပါလူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဒုတိယဦးစီးမှူးဒေါ်ကြည်ကြည်ဝင်းကကျောင်းသား/သူများအား တီထွင်ဖန်တီးမှု ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန်ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းပြောကြားပြီး ပြိုင်ပွဲတွင် လိုက်နာရမည့် စည်းကမ်းချက်များ ၊ အမှတ်ပေး စည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပန်းချီဆွဲပြိုင်ပွဲကို ဆက်လက်ကျင်းပရာ ပြိုင်ပွဲတွင် အလယ်တန်းအဆင့် ကျောင်းသား/သူ ၁၀ ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုလက်ဆောင်မျာအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည် ။
ဦးသိန်းဖေ
https://t.me/MyanmarNationalPost



No comments:
Post a Comment