စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာန၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေး


MNP   -   မတ် ၄

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနဖြစ်သည့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှယမန်နေ့နံနက်ပိုင်း အချိန်က  ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနသို့ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးဖြိုးဝင်းသူဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်(၃)ဦးပါဝင်သည့် မီးသတ်တပ်ဖွဲ့ဝင်များသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏ မီးဘေးလုံခြုံရေးအတွက် မီးသတ်ဆေးဘူးများထားရှိမှု စနစ်တကျရှိ/မရှိ၊ မီးကြိုးများကောင်းမွန်မှု ရှိ/မရှိ  ကွင်းဆင်း‌စစ်‌ဆေးခဲ့ကြကြောင်း သိရသည်။


စမ်းချောင်းမြို့နယ်တွင် ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်ကျောင်းသား ကျောင်းသူ(၂၇၀)ဦးရှိပြီး ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၏မီးဘေးလုံခြုံရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြိုတင်သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ  ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


နီလာစိုး

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)