မယ်စဲ့မြို့နယ်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မယ်စဲ့မြို့နယ်တွင် အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ


MNP ၊ မတ်  ၂၀

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် သိရိမင်္ဂလာရတနာသုခ(မြို့မ)ကျောင်းတိုက် ဦးစီးပဓာနဆရာတော် ဘဒ္ဒန္ဒဩဇေယျမှ ကြီးမှူး၍ တပည့်ဒါယိကာ၊ ဒါယိကာမများနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲကို သုံးရက်တိုင်တိုင် ကျင်းပပြုလုပ်လျက်ရှိရာ အသံမစဲမဟာပဌာန်းရွတ်ဖတ်ပူဇော်ပွဲ အထိမ်းအမှတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယနေ့နံနက် ၇ နာရီက မယ်စဲ့မြို့အဝင် ရတနာရန်အောင်စေတီတော်၌ စည်ကားစွာ ကျင်းပခဲ့ကြောင်း သိရသည်။


ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မယ်စဲ့မြို့နယ်နှင့် ဖားဆောင်းမြို့နယ်တို့မှ ဆရာတော် သံဃာတော်များ၊ ကိုရင်များ၊ သီလရှင်များအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြတ်စိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းလတ်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ မယ်စဲ့မြို့ မြို့ပေါ်ရပ်ကွက်နှင့် အနီးအနားကျေးရွာများမှ ဧည့်ပရိတ်သတ်များက ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို စေတနာသဒ္ဒါတရားထက်သန်စွာ လောင်းလှူခဲ့ကြောင်း သိရသည်။


ဝတ်ရည် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)