Pages

Pages

ဒိုက်ဦးမြို့နယ်ပြည်သူ့ဆေးရုံတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေး


MNP ၊ မတ်  ၂၁

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုအရ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီခွဲအချိန်က အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ပင်စင်ထုတ်ယူသည့်နေ့ ရက်နေ့တိုင်း ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။


ထိုသို့အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဆရာဝန်ကြီးဒေါက်တာ ဒေါ်မိုးမိုးအေး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အငြိမ်းစားဝန်ထမ်းများအား၊ ဆီးချိုသွေးချိုတိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့်‌ ဖြစ်ပွားနေ‌သည့်ရောဂါများအလိုက် စမ်းသပ်စစ်ဆေးပေးပြီး လိုအပ်သောဆေးဝါးနှင့် ကုသခြင်းများကို (အခမဲ့) စစ်ဆေးဆောင်ရွက် ကုသပေးခဲ့သည်။


အဆိုပါကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦး၊ အဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ လာရောက် အားပေးကူညီခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment