Pages

Pages

ဒိုက်ဦးမြို့နယ်တွင် အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မွမ်းမံ သင်တန်းဖွင့်လှစ်


MNP ၊ မတ်  ၂၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် ပညာသင်ကြားပေးလျက်ရှိသော ဆရာ၊ ဆရာမများအား သင်ကြားမှုစွမ်းရည်ပိုမိုမြင့်တက်လာစေရန်ရည်ရွယ်၍ ယနေ့နံနက်(၉)နာရီအချိန်က အထက်တန်းအဆင့်ဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ခဲ့သည်။


အဆိုပါဘာသာရပ်စွမ်းရည်မွမ်းမံသင်တန်းအား ဒိုက်ဦးမြို့နယ်ပညာရေးမှူး ဒေါ်နော်ခရီစဲလ်ဒါမှကြီးကြပ်၍ သင်တန်းနည်းပြ ၁၈ ဦးဖြင့် သင်တန်းပို့ချပေးလျက်ရှိကြောင်း သိရသည်။


ယင်းသင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် အထက်တန်းအဆင့်ဘာသာရပ်များသင်ကြားပေးနေသော ဆရာ၊ ဆရာမ သင်တန်းသား၊ သင်တန်းသူ ၅၃၈ ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်လ(၂၁)ရက်နေ့မှ (၂၄)ရက်နေ့ထိ  (၄)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment