ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ မြတ်ဆရာပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ မြတ်ဆရာပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ





MNP ၊ မတ်  ၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်၌ ပထမနှစ်(ပထမနှစ်ဝက်)နှင့် ပထမနှစ်(ဒုတိယ နှစ်ဝက်) တက်ရောက်နေသည့် ကျောင်းသား၊ကျောင်းသူများမှ ကြီးမှူးကျင်းပသည့် မြတ်ဆရာပူဇော်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါဒီဂရီကောလိပ်ရှိ ပညာတန်ဆောင်ခန်းမတွင်ကျင်းပ ပြုလုပ်ရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ပါမောက္ခများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။ 


ဦးစွာ ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားအား စတင်ကျင်းပရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါ်မီမီဝင်းက ဂုဏ်ပြုဆုချီးမြှင့်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ပညာရေးဒီဂရီကောလိပ်၊ ကျောင်းပေါင်းစုံအားကစားပြိုင်ပွဲ ဗဟိုအဆင့် (နေပြည်တော်) မီတာ ၁၀၀ (ကျား) အပြေးပြိုင်ပွဲတွင် ပထမရွှေတံဆိပ်ဆုရရှိသူ ပထမနှစ်(ပထမနှစ်ဝက်)မှ ကျောင်းသား မောင်မျိုးချစ်အောင်နှင့် ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ဆုရရှိသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သည်။


ထို့နောက် ဒုတိယပိုင်းအစီအစဉ်အဖြစ် မြတ်ဆရာပူဇော်ပွဲအခမ်းအနားအား  ဆက်လက်ကျင်းပရာ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် သင်ပြနည်းဌာနမှ တွဲဖက်ပါမောက္ခတို့က သင်တန်းသား၊သင်တန်းသူများအား ဆုံးမသြဝါဒစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများမှ ဆရာ၊ဆရာမများကို လက်အုပ်ချီကန်တော့ကာ လက်ဆောင်ပစ္စည်းများဖြင့် ကန်တော့ခဲ့ ကြသည်။ ထို့နောက် သင်တန်းသား၊သင်တန်းသူများ ကိုယ်စား သင်တန်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန် လည်ပြောကြားပြီး သင်တန်းသား၊သင်တန်းသူများမှ မြတ်ဆရာသီချင်းဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး

 https://t.me/MyanmarNationalPost




No comments:

Post a Comment