ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း



MNP   -    မတ်   ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ရှားပင်ကျေးရွာတွင် ခရမ်းချဉ်သီးနှံစိုက်ခင်းများအောင်မြင်လျက်ရှိကြောင်းနှင့် ခရမ်း ချဉ်သီးနှံသည် စိုက်ပျိုးရန်အတွက် ပျိုးထောင်အချိန်မှစတင်ပြီး ခူးဆွတ်ရောင်းချချိန်အထိ အမြဲဂရုစိုက်ရသည့် သီးနှံအမျိုးအစားဖြစ်ကြောင်း၊ စိုက်ပျိုးမြေအမျိုးအစားနှင့် ရာသီဥတုအခြေအနေပေါ်မူတည်၍ရေသွင်းခြင်း၊ အပင်အားတိုးဆေးနှင့် ပိုးမွှားနှိမ်နင်းဆေးများအသုံးပြုရကြောင်း ခရမ်းချဉ်စိုက်တောင်သူတစ်ဦးမှ ပြောပြသည်။


ကျောက်ဆည်မြို့နယ်တွင်  ခရမ်းချဉ်သီးနှံစိုက်ပျိုးသူများအနေဖြင့် အခွံထူပြီးအထားခံသည့် ပံတံဆိပ်ခရမ်းချဉ်မျိုးများ အဓိကစိုက်ပျိုးကြကြောင်းနှင့် စိုက်ပျိုးမည်ဆိုပါက မြေပြင်ချိန်တွင် သာဘာဝ မြေဩဇာဖြစ်သည့် နွားချေး၊ ကွန်ပေါင်းဓာတ်မြေဩဇာများထည့်သွင်း ပြုပြင်ရကြောင်း ရေသွင်း ရေထုတ်ကောင်းမွန်စေရန်နှင့် ရေအလေအလွင့်နည်းပါးစေရန်၊ ပေါင်းမြက်များပေါက်ရောက်မှု သက်သာ စေရန်အတွက် ပလပ်စတစ်အပါးစများခင်း၍ စိုက်ပျိုးပါက အပင်ဖြစ်ထွန်းပြီး အသီးအထွက်နှုန်း ကောင်းမွန်ကြောင်း သိရသည်။


ပံတံဆိပ်ခရမ်းချဉ်သီးနှံသည် စိုက်ပျိုးပြီး(၄၅)ရက်တွင် ရောင်းတန်းဝင် အသီးများစတင်ခူးဆွတ်ရကြောင်း၊ အသီးစတင်ခူးဆွတ်ရာတွင် ပိဿာချိန်နည်းသော်လည်း အသီးလှိုင်ချိန်တွင် နေ့စဉ်ခူးဆွတ် ရောင်းချနိုင်ပြီး နေစဉ်ဝင်ငွေရရှိသောကြောင့် ခရမ်းချဉ်စိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


သက်မောင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)