အကြမ်းဖက်လှုံ့ဆော်သူ နှင့် အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်သူ နှင့် အကြမ်းဖက်သမားများအား ပြစ်ဒဏ်အသီးသီးချမှတ်



MNP ၊ မတ် ၇ 

ပြည်ပြေး ဝရမ်းပြေး အကြမ်းဖက်လှုံ့ဆော်သူများနှင့် ပြည်ဖျက်မီဒီယာများ၏ လုပ်ကြံဖန်တီး သွေးထိုးလှုံ့ဆော်မှုများနောက်တွင် လိုက်ပါပြီး အကြမ်းဖက်လှုံ့ဆော်ခြင်း၊ အကြမ်းဖက်လှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူများမှ ဖမ်းဆီးရမိသူတချို့ကို ၆-၃-၂၀၂၃ ရက်နေ့ က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မြို့နယ်အသီးသီးတွင် ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့နယ်တွင် -

မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြိး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ငွေကြေးများအား ထောက်ပံ့ပေးခဲ့သူ တရားခံ ပြည်ဖြိုးအောင်(ခ)ကိုပြည့်၊ သက်နိုင်ထွန်း(ခ)ဗိုက်ခေါင်း တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် အသီးသီးချမှတ်ခဲ့ပြီး မုံရွာမြို၊ နန္ဒဝန်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြိး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ဝေယံအောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


စစ်ကိုင်းမြို့နယ်တွင် -

စစ်ကိုင်းမြို့၊ ပန်းဘဲတန်းရပ်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် ငွေကြေးများအား ထောက်ပံ့ပေးခဲ့သူ တရားခံ ကောင်းမြတ်ဖြိုးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ကနီမြို့နယ်တွင် -

ကနီမြို့နယ်၊ ယက္ကန်းတိုင်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ရှိင်းကျော်ထက်(ခ)လားကြီး၊  အောင်ထွန်းဦး တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို့နယ်တွင် -

ကလေးမြို့နယ်၊ ရေလည်းဦးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား လုပ်ကိုင်ဆောင်ရွက်လျက်ရှိသူ တရားခံ ဇင်မင်းအောင်၊ အောင်မင်း တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၅)နှစ် အသီးသီး ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost




No comments:

Post a Comment