စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးထားသူအား ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးထားသူအား ဖမ်းဆီးရမိ


MNP ၊ မတ် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၁)ရပ်ကွက် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ရေးထားသူအား ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ရွှေဘိုမြို့၊ အမှတ်(၁) ရပ်ကွက်တွင် နေထိုင်သော ထွန်းလွင်အောင်သည် Tun Lwin Aung အကောင့်ဖြင့် လူမှုကွန်ယက်ပေါ်တွင် အများပြည်သူများအား အထင်အမြင် လွဲမှားစေရန် မဟုတ်မမှန် သတင်းများ ရေးသားထားကြောင်း တာဝန်သိပြည်သူ၏ သတင်းပေးချက်အရ လုံခြုံရေးအဖွဲ့ဝင်များမှ ၎င်းရပ်ကွက်သို့ သွားရောက်ရှာဖွေခဲ့ရာ ထွန်းလွင်အောင်အား နေအိမ်တွင် ၎င်း၏ လက်ကိုင်ဖုန်းနှင့်အတူ အထောက်အထားများနှင့်တကွ စစ်ဆေးတွေ့ရှိခဲ့ရာ လုံခြုံရေးအဖွဲဝင်များက ဖမ်းဆီးခဲ့ပြီး ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)