ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် ကျေးရွာ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂွမြို့နယ် တိုင်ကျိုးကျေးရွာတွင် ကျေးရွာ ဘက်စုံသုံး ခန်းမတည်ဆောက်ခြင်းဆောင်ရွက်ပြီးစီးမှု အခြေအနေအား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး




MNP ၊ မတ်  ၂၀

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် လူထုဗဟိုပြုစီမံကိန်း နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ဆန်းလခြမ်း ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သော  တိုင်ကျိုးကျေးရွာအုပ်စု၊ တိုင်ကျိုးကျေးရွာတွင် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့က တာဝန်ရှိသူများက  ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ 


ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်နှင့် ဆန်းလခြမ်း ကုမ္ပဏီမှ တာဝန်ရှိသူများက တိုင်ကျိုးကျေးရွာတွင်  နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ် (၄၁.၀၀သန်း) ဖြင့် ဆန်းလခြမ်း ကုမ္ပဏီမှဆောင်ရွက်သည့် (၇၀ပေ၊ ၄၆ပေ၊ ၁၂ပေ)အတိုင်းအတာရှိသည့် ကျေးရွာဘက်စုံသုံးခန်းမတည်ဆောက်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေအား စစ်ဆေးခဲ့ကြသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းလင်းကျော်က သတ်မှတ်ကာလအတွင်း ပြီးစီးရေးနှင့် သတ်မှတ်စံချိန်စံညွှန်းများအတိုင်းအရည်အသွေးပြည့်မီစွာ ပြုလုပ်ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)