MNP ၊ မတ် ၆
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ဒေသန္တရအမိန့် ထုတ်ပြန် ၂၀၂၃ ခုနှစ်၊ မတ်လ (၄) ရက်၊ ဒေသန္တရအမိန့်အမှတ် (၁/၂၀၂၃) ဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ စာကျက်မှတ်မှု၊ စာစစ်ဋ္ဌာနအတွင်း စာမေးပွဲဖြေဆိုမှုတို့တွင် အနှောက်အယှက်ဖြစ်စေနိုင်သည့် ဖော်ပြပါကိစ္စရပ်များမပြုလုပ်ရန် အမိန့်ထုတ်ပြန်ထားသည်။
ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ က ဒေသန္တရအမိန့် တွင် -
၁။ ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံစာစစ်အဖွဲ့မှ ထုတ်ပြန်ထားသောအချိန်စာရင်းအတိုင်း (၈.၃.၂၀၂၃) ရက်နေ့မှ (၁၈.၃.၂၀၂၃) ရက်နေ့အထိ ပုသိမ်မြို့နယ်ရှိစာစစ်ဋ္ဌာန (၁၁) ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၇၉၁)ဦးတို့ဖြေဆိုကြမည်ဖြစ်သဖြင့် (၇.၃.၂၀၂၃) ရက်နေ့မှ (၁၈.၃.၂၀၂၃) ရက်နေ့အထိ စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ စာကျက်မှတ်မှု၊ စာစစ်ဋ္ဌာနအတွင်း စာမေးပွဲဖြေဆိုမှုတို့တွင် အနှောက်အယှက်ဖြစ်စေနိုင်သည့် ဖော်ပြပါကိစ္စရပ်များမပြုလုပ်ရန် အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည်-
(က) ရပ်ကွက်/ ကျေးရွာအုပ်စုအတွင်းရှိ ကာရာအိုကေဆိုင်၊ တိတ်ခွေ/CD ခွေအငှားဆိုင်/ အရောင်းဆိုင်၊ TV Game အင်တာနက်ဆိုင်များ၊ ဘိလိယက်ခုံများ၊ Bar ၊ ဟိုတယ်များတွင်ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်၊ KTV ၊ စင်တင်တေးဂီတ၊ Unplugged စသည့်ဖျော်ဖြေရေးအစီအစဉ်များအားယာယီပိတ်သိမ်းထားရန်၊
(ခ) စားသောက်ဆိုင်များ၊ယစ်မျိုးဆိုင်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ည(၂၁၀၀)နာရီချိန်ထိသာ ဖွင့်လှစ်ရောင်းချဆောင်ရွက်ရန်၊
(ဂ) အသံချဲ့စက်၊ ဆောင်းဘောက်စ်၊ မိသားစုကြည့် TV ၊ ဗီဒီယို၊ အသံလှိုင်း၊ ကျယ်လောင်စွာဖွင့်လှစ်ခြင်း/ သီဆိုခြင်း၊ အော်ဟစ်ဆူညံခြင်းများလုံးဝ(လုံးဝ) မပြုလုပ်ရန်၊
(ဃ) ကွန်ပျူတာ/မိတ္တူဆိုင်များအနေဖြင့် ခန့်မှန်းမေးခွန်း / အဖြေများ မိုက်ခရိုစာအုပ်ငယ်၊ဘာသာရပ်အလိုက် ပုံများဖော်ပြရာတွင် အထောက်အကူဖြစ်စေမည့် မိတ္တူကူးခြင်း၊ ချုံ့ခြင်း၊ ချဲ့ခြင်း၊ ဖြတ်ကပ်ညှပ်စာအုပ်ငယ်များ၊ ဖြန့်ဖြူးခြင်း၊ ရောင်းချခြင်းများ လုံးဝ( လုံးဝ) ဆောင်ရွက်ခြင်းမပြုလုပ်ရန်၊
၂။ သို့ဖြစ်ပါ၍ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့်ကာလအတွင်း စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ စာကျက်မှတ်နိုင်ရေး အများပြည်သူအကျိုးငှာ အထက်ဖော်ပြပါ သက်မှတ်စည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ပါက တည်ဆဲဥပဒေအရထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။
၃။ ဤအမိန့်သည် ၂၀၂၃ ခုနှစ်၊ မတ်လ (၇)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ (၁၈)ရက်နေ့အထိအတည်ဖြစ်စေရမည်။
#MyanmarNationalPost

No comments:
Post a Comment