MNP ၊ မတ် ၁၇
ပဲခူးတိုင်းဒေသကြီးပြည်ခရိုင် ရွှေတောင်မြို့နယ် တွင်ယနေ့ နံနက်ပိုင်းတွင် ၂၀၂၃ ခုနှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲ နောက်ဆုံးနေ့အဖြစ် သမိုင်း ဘာသာရပ်ကို ဖြေဆိုရာ ရွှေတောင်မြို့နယ် အတွင်း ရှိ စာဖြေဌာန ၄ ခု၌ ရွှေတောင် အထက ကျောင်းတွင်ကျောင်းသား (၃)ဦး ၊ ကျောင်းသူ( ၄)ဦး၊ကျီးသဲ အထကကျောင်းတွင် ကျောင်းသား(၃) ဦး၊ကျောင်းသူ (၂)ဦး၊ယင်းမူကုန်းအထကကျောင်းတွင် ကျောင်းသား(၈) ဦး၊ ကျောင်းသူ(၁၃) ဦး၊ ညောင်စာရေးအထကကျောင်းတွင် ကျောင်းသား( ၁)ဦး၊ စုစုပေါင်း (၃၄)ဦးတို့မှ စိတ်အေးချမ်းသာစွာ ဝင်ရောက်ဖြေဆိုခဲ့သည်။
ရွှေတောင်မြို့နယ် တွင် သမိုင်း ဘာသာရပ်ကို ဖြေဆိုရမည့် ကျောင်းသား၊ ကျောင်းသူ (၃၆) ဦးရှိသည့် အနက်( ၃၄ )ဦး ဖြေဆိုသည့်အတွက် ၉၄ ဒသမ ၄၄ ရာခိုင်နှုန်း ဖြေဆိုကြောင်းမြို့နယ် ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း
https://t.me/MyanmarNationalPost



No comments:
Post a Comment