အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ဝိဇ္ဇာသမိုင်းဘာသာရပ်အား(၅၄၄)ဦးအေးချမ်းစွာဖြေဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

အမ်းမြို့နယ်၌ ၂၀၂၂- ၂၀၂၃ ပညာသင် နှစ် တက္ကသိုလ်ဝင်စာမေးပွဲနောက်ဆုံးနေ့ဝိဇ္ဇာသမိုင်းဘာသာရပ်အား(၅၄၄)ဦးအေးချမ်းစွာဖြေဆို




MNP ၊ မတ်  ၁၇

    ရခိုင်ပြည်နယ်၊ အမ်း ခရိုင်၊ အမ်းမြို့ နယ်၌ ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၌ တက္ကသိုလ်ဝင်စာမေးပွဲ နောက်ဆုံးနေ့ ဝိဇ္ဇာဘာသာရပ် သမိုင်းဘ​ာသာကို ကျောင်းသား၊ကျောင်း သူ(၅၄၄) ဦး ယနေ့ နံနက် ၉ နာရီအချိန်တွင် အေး ချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။


   အမ်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ပညာ သင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌  မြို့ပေါ် ရပ်ကွက်ရှိ အမှတ်(၁) အထက၊ အမှတ်(၂) အထက၊ အမှတ်(၃) အထက၊  အထက (တပ်တောင်) စာစစ်ဌာန(၄)ခုတွင် ဝိဇ္ဇာဘာသာရပ်၌ကျောင်းတွင်းမှဖြေဆိုသည့်ကျောင်း သားကျောင်းသူ (၅၁)ဦး၊ ပြင်ပမှဖြေဆိုမည့်သူ(၄၉၃)ဦးစုစုပေါင်း(၅၄၄) ဦး ပျက်ကွက်သူ(၉၉) ဦး ရှိ ကြောင်းသိရသည်။


    အဆိုပါတက္ကသိုလ်ဝင်စာမေးပွဲ အေး ချမ်းစွာဖြေဆိုနိုင်ရေးအတွက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ နှင့်အဖွဲ့ဝင်များ၏ ကြီး ကြပ်မှုဖြင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာ ဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ် မိရပ်ဖများက စာစစ်ဌာန အသီးသီး ၌ မလိုလာအပ် သောကိစ္စရပ်များမဖြစ်ပေါ်

​ေစရေး၊ စာမေး ပွဲဖြေဆိုမှုကို အနှောက်အချက် မဖြစ်စေရေးအပြင်စည်းလုံ ခြုံရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်လျက်ရှိပြီးအတွင်းစည်း၌ပညာရေးဝန်ထမ်းများနှင့်ကျန်းမာရေးစောင့်ရှောက်မှုများ အဆင်ပြေချောမွေ့စေရန် ကျန်း မာရေးဝန်ထမ်းများကဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။  


စိုးမင်းထွန်း                           

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)