စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီး ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိ အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူတချို့ကို ပြစ်ဒဏ်အသီးသီး ချမှတ်



MNP ၊ မတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖမ်းဆီးရမိထားသော အကြမ်းဖက်သမားများနှင့် အကြမ်းဖက်လှုံ့ဆော်သူများထဲမှ တချို့ကို ၂၁-၃-၂၀၂၃ ရက်နေ့ က သက်ဆိုင်ရာ မြို့နယ်များတွင် ပြစ်ဒဏ်အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


မုံရွာမြို့၊ ပြည်တော်သာရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသော အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ကျေးရွာများ အတွင်းသို့ လက်လုပ်မိုင်းများအား လိုက်လံပိုဆောင်ပေးခဲ့သူ တရားခံ ဇင်းဝင်းထက်(ခ)အကြီးကောင်၊ တရားခံ မစိုးမိုးအေး၊ တရားခံ မခင်ငြိမ်းဦး(ခ) မငြိမ်း အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၁(ဂ)၊ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၆)နှစ်စီ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး နိုင်ငံတော်အား ဆန့်ကျင်သော စာသားများအား ရေးသားဖြန့်ဝေခြင်း၊ အကြမ်းဖက်အဖွဲအစည်းများအား အားပေးကူညီခြင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသူ တရားခံ ဝင်းဇော်မောင်(ခ) ဇော်ဝင်းမောင်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄) နှစ်၊ ချောင်းဦးမြို့နယ်၊ သန်းပင်ကန်ကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်းများ တက်ရောက်ခဲ့ပြီး အကြမ်းဖက်သင်တန်းတက်ရောက်ရန် စည်းရုံးခြင်း၊ ကူညီဆောင်ရွက်ပေးခြင်းများအား ပြုလုပ်ဆောင်ရွက်ပေးခဲ့သူ တရားခံ ဇင်မင်းဦးအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၄)နှစ် အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။


ကသာမြို၊ မြောက်ပိုင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြိုပေါ်ရပ်ကွက်များတွင် ဆန္ဒပြခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲအစည်းများအား ထောက်ပံ့ခြင်း၊ messenger မှတစ်ဆင့် ဆက်သွယ်ပြောဆိုထားခြင်းများ ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ စိုးတင့်(ခ)အီးတိန် တရားခံ မင်းမင်းဖူး တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ကသာမြို့နယ်၊ မိုးတားကြီးကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်သင်တန်း တက်ရောက် လိုသူများအား အကြမ်းဖက်အဖွဲ့အစည်းများထံသို လိုက်လံပိုဆောင် ပေးခဲ့ပြီး  အကြမ်းဖက်အဖွဲ့အစည်းများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးခဲ့သူ တရားခံ ကျော်ဆန်းလွင်(ခ)ကျော်ဆန်းအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)၊ယင်းပုဒ်မ ၅၂(က)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ်၊ ကသာမြို့၊ သဖန်းကိုင်းရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး မြို့ပေါ်ရပ်ကွက်များတွင် လှည့်လည်ဆန္ဒပြခြင်း၊ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အဖွဲ့အစည်းများအတွက် ငွေကြေးများ ကောက်ခံပေးခြင်း၊ အကြမ်းဖက်အဖွဲ့အစည်းများအား ထောက်ပံ့ပေးခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ထိန်လင်းဦး(ခ) ဒူးရှည်အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် အသီးသီး ချမှတ်ခဲ့ကြောင်း သိရသည်။


မြောင်မြို့နယ်၊ ကူးတို့ကုန်းကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်အဖွဲအစည်းများနှင့် ပူးပေါင်းကာ အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ခြင်း၊ အကြမ်းဖက်လူသတ်ခြင်း စသည့်တိုကို ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ဖြိုးဇေအောင်၊ တရားခံ ဆန်းမင်းဌေး တို့အား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(က)၊ယင်းပုဒ်မ ၅၄ အရ အလုပ်နှင့်ထောင်ဒဏ် (၂၀)နှစ်စီ အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။


ကလေးမြို၊ တောင်ဇလပ်ရပ်ကွက်တွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် အဖွဲအစည်းများထံမှ ငွေကြေးများ လက်ခံခြင်း၊ CDM ပြုလုပ်သူများအား ငွေကြေးထောက်ပံ့ခြင်းများအား ပြုလုပ် ဆောင်ရွက်ခဲ့သူ တရားခံ မန်ဖေအား အကြမ်းဖက်ဥပဒေပုဒ်မ ၅၀(ည)အရ အလုပ်နှင့်ထောင်ဒဏ် (၁၀)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ဂန့်ဂေါမြို့နယ်၊ မဲကျေးရွာတွင် နေထိုင်လျက်ရှိပြီး အကြမ်းဖက်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် အဖွဲ့အစည်းများထံသို့ ထောက်ပံ့ရေးပစ္စည်းများအား ပေးအပ်ထောက်ပံ့ခဲ့သူ တရားခံ ဆန်းလင်းအောင်(ခ) သားကြီးအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(ခ)အရ အလုပ်နှင့်ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


ထို့အတူ ထီးလင်းမြို့နယ်၊ ညောင်ကန်ရွာတွင် နေထိုင်လျက်ရှိပြီး လူထုဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ပြီး လက်ကိုင်ဖုန်းဖြင့် အများပြည်သူများ ထိတ်လန့်စေရန် မဟုတ်မမှန် သတင်းများအား ပေးပို့ခြင်းများအား ပြုလုပ်ဆောင်ရွက်ခဲ့သူ တရားခံ ခိုင်မင်းဦး(ခ)သားကြီးအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က)အရ အလုပ်နှင့်ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)