ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေကျင်မြို့တွင် ရွှေကျင်မူလတန်းကြိုကျောင်းပဒေသာကပွဲနှင့် ကျောင်းဆင်းပွဲကျင်းပ



MNP ၊ မတ်  ၁၇

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် မကျည်းတန်းရပ်ကွက် ရွှေကျင်မူလတန်းကြိုကျောင်းတွင် မူလတန်းကြို ကျောင်းသား၊ ကျောင်းသူလေးများ၏ ပဒေသာကပွဲနှင့်ကျောင်းဆင်းပွဲ အခမ်းနားကို ယနေ့နံနက် (၉) နာရီက ကျင်းပကြောင်း သိရသည်။


ရှေးဦးစွာ ရွှေကျင်မြို့နယ် လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီက အဖွင့်အမှာစကား ပြောကြားပြီး ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက အက၊ အလှများဖြင့် ကပြဖျော်ဖြေပေးသည်။ ဆက်လက်ပြီး ရွှေကျင်မူလတန်းကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၈၅) ဦးတိုအား ကျောင်းဆင်းလက်မှတ်များကို လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိ ဒေါ်ပြုံးပြုံးရီ၊ ကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက ပေးအပ်ချီးမြှင့် ပေးခဲ့သည်။


အဆိုပါ အခမ်းအနားသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ဒုတိယဦးစီးမှူး ဦးစိုင်းသူထွန်း၊ လူမှုဝန်ထမ်းရုံး ဦးစီးအရာရှိဒေါ်ပြုံးပြုံးရီ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် မူလတန်းကြိုကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။


ထွန်းထွန်းဇော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)