MNP ၊ မတ် ၁၉
ရခိုင်ပြည်နယ်အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် တပ်မတော် နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ နယ်လှည့်အထူးကု ဆေးအဖွဲ့များ လိုက်ပါလာသည့် တပ်မတော်ပင်လယ်သွား ဆေးရုံရေယာဉ်(သံလွင်)သည် ယနေ့ နံနက်ပိုင်းတွင် ပေါက်တောမြို့နယ် ပြိုင်းတောင်ကျေးရွာအုပ်စု စိုးမဲကျီကျေးရွာရှိဘုန်းတော်ကြီးကျောင်း၌ အခြေပြု၍ ယင်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထို့သို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၈၂ ဦး၊ခွဲစိတ်ရောဂါ ၅၁ ဦး၊သားဖွား/ မီးယပ်ရောဂါး ၂၇ဦး၊ ကလေးရောဂါ ၁၁၄ ဦး၊အရိုးရောဂါ ၁၁၀ ဦး၊နား/နှာခေါင်း/လည်ချောင်းရောဂါ ၅၅ ဦး၊ မျက်စိရောဂါ ၂၁၆ နှင့် သွားနှင့်ခံတွင်းရောဂါ ၅၃ ဦးတို့ကိုလိုအပ်သည့် ဆေးဝါးကုသမှုများဆောင်ရွက်ပေးသည်။
ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူအထွေထွေခွဲစိတ်လူနား ၆ ဦး၊မျက်စိခွဲစိတ်လူနာ ၂၃ ဦး၊အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးလူနာ ၅၉ ဦး၊ECG ဖြင့်နှလုံးစမ်းသပ်လူနာ ၅၃ ဦး နှင့် ဓာတ်ခွဲစမ်းသပ်လူနား ၁၂ ဦး တိုကိုရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သူ ၁ဦးတို့ကို နီးစပ်ရာ တပ်မတော်ဆေးရုံများ နှင့်ပြည်သူ့ ဆေးရုံးများသို့ တက်ရောက်ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးကြောင်းသိရ သည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment