တပ်ကုန်းမြို့၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တပ်ကုန်းမြို့၌ လူငယ်ဆိုင်ရာစွမ်းရည်မြင့်မားရေးပြိုင်ပွဲများကျင်းပ



MNP ၊ မတ်  ၂၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ကလေးငယ်များဖိတ်ခေါ်၍ လူငယ်ဆိုင်ရာစွမ်းရည်ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁နာရီက  အဆိုပါဦးစီးဌာနရှိ  ကလေးစာဖတ်ခန်းမတွင် ကျင်းပခဲ့သည်။


ပြိုင်ပွဲတွင် တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က  ကလေးငယ်များအနေဖြင့် ပြည်သူ့စာကြည့်တိုက်နှင့်ရင်းနီးကျွမ်းဝင်မှုရှိပြီး၊ ကျောင်းစာအပြင် ပြင်ပအသိပညာဗဟုသုတများ ကြွယ်ဝစေရန်နှင့်ကျန်းမာ​ပျော်ရွှင်၍ ဉာဏ်ရည် ထက်မြက်စေရန် ရည်ရွယ်၍ ယခုလိုပြည်သူ့စာကြည့်တိုက်သို့ ဖိတ်ခေါ်ပြီး  ပြိုင်ပွဲ၊ ပြပွဲ၊ ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီးနောက် တပ်ကုန်းမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဦးဆောင်၍ ခွက်မှုတ်ပြိုင်ပွဲ၊ ခုံလုထိုင်ပြိုင်ပွဲ၊ ပူစီပေါင်းညှပ်ပြိုင်ပွဲနှင့်ပိုက်တံဂိမ်ပြိုင်ပွဲများပြုလုပ်ပေးခဲ့ရာ ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ရရှိသူများအား ဦးစီးအရာရှိနှင့်တာဝန်ရှိသူများက စာအုပ်များ ပေးအပ်ချီးမြှင့်ခဲ့သည်။


အဆိုပါပြိုင်ပွဲများသို့ တပ်ကုန်းမြို့နယ်အတွင်းရှိ ရပ်ကွက်များမှ ကလေးငယ်(၃၅)ဦး တက်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြောင်း သိရသည်။


တင်စိုးလွင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)