ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့်ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့်ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကျင်းပ


MNP ၊ မတ်  ၁၆

တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအမှတ်စဉ်(၂/၂၀၂၃)ကို  ယမန်နေ့ မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  နိုင်ငံတော်ဝန်ကြီးချုပ်မှ ဒေသအလိုက်စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားချက်အပေါ် အထူးအလေးထားအောင်မြင်အောင် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် စိုက်ပျိုးရေရရှိရေး နည်းလမ်းပေါင်းစုံဖြင့် ဖြည့်ဆည်းဆောင်ရွက်ပေးထားပြီးဖြစ်ပြီး မြို့နယ်အလိုက် မြေပြင်ကွင်းဆင်းပြီး စိုက်ချိန်မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးသီးနှံမှန်ကန်စေရေး   တွန်းအားပေးဆောင်ရွက်ရန်နှင့် ကြဲခင်းစနစ်လျော့ချပြီး အစေ့ချစနစ်နှင့် ပျိုးထောင်စနစ်၊ ကောက်စိုက်စက်စနစ်များဖြင့် တိုးချဲ့စိုက်ပျိုးနိုင်ရေး မြေပြင်ကွင်းဆင်းအသိပညာပေးရန်လိုအပ်ကြောင်း၊ အထွက်နှုန်းကောင်းသည့် မျိုးသန့်မျိုးစေ့များအား သက်ဆိုင်ရာမျိုးသန့်ခြံများမှ ထုတ်လုပ်ဖြန့်ဖြူးသည့်အပြင် တောင်သူအစုအဖွဲ့အလိုက် မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးဆောင်ရွက်နိုင်ရေး လိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်ပေးသွားရမှာဖြစ်ကာ ဆီထွက်သီးနှံနေကြာသီးသန့်စိုက်ဧကများ အမှန်တကယ်အောင်မြင်ဖြစ်ထွန်းနိုင်သည့် မြေနေရာအား သေချာစိစစ်ရွေးချယ်စိုက်ပျိုးရန်နှင့် ပျားမွေးမြူရေးကိုလည်း တွဲဖက်ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အသားထုတ်လုပ်မှုနှင့်ပတ်သက်၍ ဒေသအလိုက် မွေးမြူရေးဇုန်များဖော်ထုတ်ပြီး တစ်ပိုင်တစ်နိုင်မှစီးပွားဖြစ်မွေးမြူထုတ်လုပ်နိုင်ရေး အသိပညာပေးစည်းရုံးဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ မိမိတို့တိုင်းဒေသကြီးအတွင်း စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သီးနှံအလိုက်စိုက်ပျိုးထုတ်လုပ်မှုအပေါ် လိုအပ်ချက်များရှိပါက ပွင့်ပွင့်လင်းတင်ပြဆွေးနွေးကြစေလိုကြောင်း ပြောကြားခဲ့သည်။


ထို့နောက် တက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး    ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကိုလည်းကောင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး သုံးသပ်ချက်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက လုပ်ငန်းကဏ္ဍအလိုက် စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား Power Point ဖြင့် အသီးသီး တင်ပြဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာများ၏ တင်ပြချက်များနှင့်ပတ်သက်၍ အစိုးရအဖွဲ့တာဝန်ရှိသူများက စားရေရိက္ခာဖူလုံရေးနှင့် ဆီထွက်သီးနှံများ အထွက်နှုန်းမြင့်မားပြီး ပန်းတိုင်ရည်မှန်းချက်ပြည့်မီစေရေး သီးနှံအလိုက် စိုက်ပျိုးထုတ်လုပ်မှုအပေါ် ပြန်လည်သုံးသပ်အကြံပြုဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။


သက်ဖြိုးကြိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)