MNP ၊ မတ် ၄
ယနေ့ နံနက်ပိုင်းက ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် YUTONG အမျိုးအစား(ဒို့ညီနောင်)ဖြူ/နီရောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ (၃)ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နံနက် ၀၅ ၃၀ အချိန်ခန့်၊ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၆၇/၄)နှင့် (၁၆၇/၅)ကြားတွင် YUTONG အမျိုးအစား(ဒို့ညီနောင်)ဖြူ/နီရောင် ခရီးသည်တင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းကာရံထားသော GUARD RAIL တန်းများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂၀)ဦး၊ မ(၁၁)ဦး စုစုပေါင်း(၃၁)ဦးအနက် ကျား(၃)ဦး (သေဆုံး)၊ ထိခိုက်ဒဏ်ရာရရှိသူ ကျား(၁၅)ဦးနှင့် မ(၁၀)ဦးတို့အား လူမှုကူညီရေးအသင်းယာဉ်များဖြင့် ဆွာတိုက်နယ်ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန် ကျား(၂)ဦးနှင့် မ(၁)ဦး မှာ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း မီးသတ်တပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်း မြန်မာ့လက်ဝှေ့ချန်ပီယံ ရွှေဓူဝံ၊ တပ်မတော်အရာရှိတစ်ဦး၊ ကားစပါယ်ယာတို့ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းများအရ သိရသည်။
#MyanmarNationalPost



No comments:
Post a Comment