MNP ၊ မတ် ၂၃
ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့၌မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အားကစား နှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီ လူငယ်အား ကစားသင်တန်းကို ယမန်နေ့ ညနေ ၄ နာရီအချိန်က မြို့မအားကစားကွင်း၌ ဖွင့်လှစ်ခဲ့သည်။
အဆိုပါ နွေရာသီအားကစားသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ကိုယ်စား ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေအေးကနွေရာသီကာလတွင် သင်တန်းသား သင် တန်းသူ ကလေးများအနေဖြင့် လူငယ်အား ကစားသင်တန်းကို သင်ကြားတဲ့အချိန်တွင် စိတ်ဝင်တစားသင်ကြားကြရန်၊အားကစားနည်းများဖြစ်သည့် ဘောလုံး ၊ ဘော်လီဘော၊ တိုက်ကွန်ဒို ၊ အခြေခံအေရိုးဗစ်သင်တန်းစသည့် အားကစားနည်းများကို အားကစားနည်းပြ ဆရာများက သင်ကြားပို့ချမည်ဖြစ်ကြောင်း၊ အားကစားသင်းတန်းကို စိတ် ပါဝင်စားသူများအခမဲ့သင်ကြားနိုင်ကြောင်း အဖွင့်အမှာ အမှာစကား ပြောကြားခဲ့သည်။
ဒုတိယမြို့နယ်အုပ် ချုပ်ရေးမှူး ဦးရွှေအေးနှင့် တာဝန်ရှိသူများက သင်တန်း သားသင်တန်းသူများ(၅ဝ)ဦးအား အားကစားဝတ်စုံများအားထောက်ပံပေးအပ်ခဲ့ပြီး သင်တန်းကာလကို မတ်လ ၂၂ ရက်မှ ၂၈ ရက်အထိ သင်ကြားပြသမည်ဖြစ်သိရှိရသည်။
စိုးမင်းထွန်း
https://t.me/MyanmarNationalPost
No comments:
Post a Comment