ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ နေရပ်ပြန်မည့် ယာယီတိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်








MNP   -   မတ် ၄

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့ရှိ ယာယီတိုက်ပွဲရှောင်စခန်းအသီးသီးတွင် ခေတ္တခိုလှုံ နေထိုင်လျှက်ရှိသော ကျေးရွာအုပ်စု (၈)အုပ်စု မှ မိမိသဘောဆန္ဒအရ နေရပ်ပြန်ကြမည့် ယာယီတိုက် ပွဲရှောင်စခန်း မှဒေသခံပြည်သူများအား ထောက်ပံ့ငွေ နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထောက်ပံ့ပေး အပ်ခြင်း ကို ယနေ့ နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က ထမ္မရာဇ်ရပ်ကွက် ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီး ဌာနရုံး၊ အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ အခမ်းအနားတွင် ရှေ့တန်းအမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ် ၊ တပ်မမှူး မှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခေတ္တ ဥက္ကဌ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်စိုး မှ ထောက်ပံ့ငွေနှင့်ပစ္စည်းများပေးအပ်ခြင်းနှင့် ပတ်သတ်၍ ရှင်းလင်း ပြောကြားခဲ့သည်။


ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ၊ ဒုတိယဗိုလ်မှူးကြီး တင်ထူးလှိုင် က ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှ အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၅) သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၄၂) စုအတွက် ထောက် ပံ့ငွေကျပ် (၇၁၀) သိန်းအားလည်းကောင်း ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ၊ ခေတ္တ ဥက္ကဌ ၊ ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ခင်မောင်စိုး မှလည်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့သည့် ပြောင်းရွှေ့စရိတ် အိမ်ထောင်စု (၁) စုလျှင် ငွေကျပ် (၁) သိန်းနှုန်းဖြင့် အိမ်ထောင်စု (၁၄၂) စုအတွက် ထောက်ပံ့ငွေကျပ် (၁၄၂) သိန်းအားလည်းကောင်း ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးစိုးစိုးသက် က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန မှ ထောက်ပံ့သည့် လူ (၁) ဦးကို ရိက္ခာဆန် (၁) ရက်လျှင် (၂) ဗူးနှုန်းဖြင့် လူဦးရေ (၅၈၂) ဦးအတွက် (၁) လစာငွေကျပ် (၅၂၃၈၀၀၀ ) ကျပ်အားလည်းကောင်း ၊ ခရိုင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးအရာရှိ ဦးစန်နီ မှ လူသုံးကုန်ပစ္စည်း(၁၇) မျိုးပါဝင်သော Family Kit ပုံး (၁၄၂) ပုံး တို့ကို ယာယီ တိုက်ပွဲရှောင် အိမ်ထောင်စုဝင်များ၏ ကိုယ်စားလှယ်များထံ အသီးသီး ထောက် ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


ထို့နောက် ရှေ့တန်းအမှတ်(၅၅) ခြေလျင်တပ်မဌာနချုပ် ၊ တပ်မမှူး ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက နေရပ်ပြန်ကြမည့် ယာယီတိုက်ပွဲရှောင်စ ခန်းမှ ဒေသခံပြည်သူများကို အားပေးစကားပြောကြားပြီး လိုက်လံနှုတ်ဆက်ပို့ဆောင်ပေးခဲ့ကာ နေရပ်အသီးသီးသို့ သယ်ဆောင် မည့် ပစ္စည်းများအား နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ ဝန်ထမ်း များက နေအိမ်အရောက် မော်တော်ကား ၊ စက်လှေများဖြင့် ကူညီသယ် ယူရွှေ့ပြောင်း ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)