(၇၈)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၈)နှစ်မြောက်တပ်မတော်နေ့ကျင်းပရေး ဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်



MNP ၊ မတ် ၉

(၇၈)နှစ်မြောက် တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းရှိ ဆင်ဖြူရှင်ခန်းမ၌ ပြုလုပ်သည်။


အစည်းအဝေးသို့ တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ အဖွဲ့ဝင်များနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ တက်ရောက် ကြသည်။


ဦးစွာ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက (၇၈)နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားအား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့ ကော်မတီများမှ ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ပတ်သက် ၍ အဖွင့်အမှာစကားပြောကြားသည်။


ထို့နောက် သက်ဆိုင်ရာကော်မတီများနှင့်လုပ်ငန်းအဖွဲ့များမှ လုပ်ငန်းဆောင်ရွက် ထားရှိမှုအခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြရာ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ရှင်းလင်းတင်ပြမှုများကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#MyanmarNationalPost




No comments:

Post a Comment