ပေါက်တောမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲပြုလုပ်





MNP ၊ မတ် ၃၀

      ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးနှင့် ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းပွဲကို ယနေ့  မွန်းလွဲ(၁)နာရီက မြို့နယ်အုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။


       ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျန်အေးက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာနှင့် အဖွင့်အမှာစကားပြောကြားခြင်း၊ လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သဇင်မိုးက ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့် လက်ရှိကလေးသူငယ်ကာကွယ်ရေးဥပဒေနှင့် လုပ်ဆောင်ချက်များကို ရှင်းလင်းခြင်းပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးအောင်ပိုင်ဖြိုးက မြန်မာနိုင်ငံသည် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်ကြောင်း၊ ကလးသူငယ်အခွင့်အရေးများ ပိုမိုရရှိစေရေးအတွက် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ပြဌာန်းခဲ့ပြီး ဖြစ်ကြောင်း၊ မြို့နယ် ကလေးသူငယ်ဆိုင်ရာကော်မတီဝင်များအနေဖြင့် ကလေးသူငယ်အခွင့် အရေးနှင့်သက်ဆိုင်သည့် ဥပဒေ၊ နည်းဥပဒေများကို ပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိစေရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ကြရန်နှင့် ကလေးအလုပ်သမား လျော့နည်းပပျောက်ရေး ဝိုင်းဝန်လက်တွဲ ပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်းတို့ကို ရှင်းလင်း ပြောကြားသည်။


     ဆက်လက်၍ တက်ရောက် လာကြသည့် အဖွဲ့ဝင်များက ကလေး သူငယ် အခွင့်အရေးဆိုင်ရာတို့ကို ဝိုင်းဝန်းအကြံပြု ​ဆွေးနွေးခဲ့ကြကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)